Microsoft က Oxite ဟု အမည်ပေးထားသော Blooging Platform ထုတ်

alt

M icrosoftက ဒီဇင်ဘာလ (၈)ရက်နေ့တွင် Open Source Blogging Platform တစ်ခုဖြစ်သော Oxite အား စတင် ထုတ်လွှင့် ခဲ့သည်။ ယခု Platform အား Developer များ အတွက် အဓိက ထုတ်ဝေခြင်း ဖြစ်ကြောင်း Microsoft မှ ကြိုတင် ကြေငြာ ထားပြီး ပေါ်ပြူလာဖြစ်နေသည့် Blogging Software များဖြစ်သော Word Press၊ Movable Type တို့နှင့် ယှဉ်ပြိုင် သွားမည် ဖြစ်သည်။

CodePlex ၀က်ဘ်ဆိုက်တွင် Microsoft က ၎င်း၏ Oxite Code ကို ဒီဇင်ဘာလ (၅)ရက်နေ့ကတည်းက တင်ပေးထားပြီး ဒီဇင်ဘာလ (၈) ရက်နေ့ကျမှသာ တရားဝင် ထုတ်ပြန် ကြေငြာ ခဲ့သည်။ System ထိန်းသိမ်းမှုများအား သက်ဆိုင်ရာ Blog များနှင့် ကြီးမားသော ဆိုက်များ တွင် အလွယ် တကူ ပြုလုပ်နိုင်ရန် Oxite က ကူညီပေးမည်ဟု Microsoft က ကြေငြာ ထားသည်။

၎င်းအား အသုံးပြု ခြင်းဖြင့် HTML အသုံးပြု ဖန်တီးမှုများ ဖြည့်စွက် နိုင်မည်ဖြစ်ကာ ၀က်ဘ်ဆိုက်များတွင် Blog အများအပြား ထည့်သွင်း ခြင်းများပါ ပြုလုပ် နိုင်မည်ဖြစ်သည်။ Oxite သည် Blog များ ဖန်တီးမှု အတွက် အကောင်းဆုံး ၀န်ဆောင်မှု တစ်ခုသဖွယ် ဖြစ်လာမည်ဟု Microsoft က ကြေငြာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here