အမျိုးသမီးများ နှလုံးကျန်းမာရေး အလေးထားသင်

alt

ကိုယ့် နှလုံး ကျန်းမာရေး အတွက် ဂရုမစိုက်ဘဲ ပေလယျာကံ ပြုမူကြရာ တွင် အမျိုးသမီးများ က အမျိုးသားများ ထက် ပိုမို တတ်ကြောင်း စစ်တမ်းများ အရ သိရှိ ရသည်။ အမျိုးသမီးများ သည် နှလုံးဆိုင်ရာ သီးသန့် ဆေးစစ်မှု မျိုး ပြုလုပ်ရန် ငြီးငွေ့ တတ်ကြပြီး ထိုအကျင့် ပင် ကမာ္ဘတလွှား နှလုံးရောဂါနှင့် သေဆုံး ရသူဦးရေ အနက် အမျိုးသမီးများ က ပိုများ နေခြင်း ဖြစ်နိုင် ကြောင်း ဘေလာေ ကာလိပ်မှ နှလုံး ဆေးပညာ ဌာန ပရော်ဖက်ဆာ ဟာနီနိဒ်က သုံးသပ် ပြောဆို သွားသည်။

အမျိုးသားများ ထက် အမျိုးသမီးများ ၏ နှလုံးရောဂါ ဖြင့် သေဆုံးမှု ဦးရေ (၄၀) ရာခိုင်နှုန်းမျှ များပြား နေခြင်း အပေါ် သုတေသန ပြုရာမှ ယခု ရလဒ်ကို တွေ့ရှိလာ ခြင်း ဖြစ်သည်။ ဒေါက်တာနိဒ် ၏ ပြောဆိုမှု အရ အမျိုးသမီးများ သည် အလှပြင်ရန် ဂရုစိုက်မှု ၏ လေးပုံတစ်ပုံ မျှ နှလုံး ကျန်းမာရေး အား ဂရုစိုက်မည် ဆိုလျင် ကျန်းမာရေး ဆိုင်ရာ ရလဒ်ကောင်းများ ဖြစ်လာနိုင် သည်ဟု သိရှိ ရသည်။

နှလုံးရောဂါဖြင့် သေနှုန်းမြင့် နေမှုကို လျှော့ချ နိုင်ရေး အတွက် နှလုံး ကျန်းမာရေး ဆိုင်ရာ ပညာပေးမှုများ အား လိုက်နာ သင့်ကြောင်း ဒေါက်တာနိဒ် က အမျိုးသမီးများ ကို တိုက်တွန်း ခဲ့သည်။ ယခု စမ်းသပ်မှု အား (၁၉၉၀) ပြည့်လွန် နှစ်များမှစပြီး နှစ်အလိုက် သေဆုံးမှု များ အပေါ် အခြေခံ တွက်ချက် ခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here