မြန်မာနိုင်ငံတွင် ဆင်နှင့် ဆင်စွယ် မှောင်ခိုရောင်းဝယ်မှု တားဆီးနိုင်ခြင်းမရှိ

alt

သ တင်း တစ်ခု တွင် ဖော်ပြ ထားမှုအရ မြန်မာ နိုင်ငံ သည် တိရစ္ဆာန် မှောင်ခိုမှု လုပ်ငန်း များ တရား မဝင် လုပ်ကိုင်ရာ အရေးပါ သော နေရာကြီး တစ်ခု ဖြစ်လာ နေကြောင်း သိရှိ ရသည်။ အထူး သဖြင့် ဆင် နှင့် ဆင်စွယ် များ မှောင်ခို ရောင်းဝယ် မှု ပိုမို များပြား ခဲ့ပြီး လွန်ခဲ့ သော ဆယ်စုနှစ်တာ ကာလ အတွင်း ဆင်ကောင်ရေ (၂၅၀) ခန့် မှောင်ခို ခိုးထုတ် သွားကြောင်း သိရှိ ရသည်။ အဆိုပါ ဆင်များ ကို အိမ်နီးချင်း ထိုင်း နိုင်ငံ က အဓိက ၀ယ်ယူ ကြောင်းလည်း ထို သတင်း တွင် ဖော်ပြ ထား သည်။

ဆင် နှင့် ဆင်စွယ် များ ရောင်းချ မှုအား တရား ဥပဒေ အရ ပြင်းပြင်း ထန်ထန် တားမြစ် ထား သည့် တိုင် မြန်မာ နိုင်ငံ တွင်မူ အဆိုပါ လုပ်ငန်း မှာ တွင်ကျယ် နေဆဲ ဖြစ်သည်။ အထူးသဖြင့် ဆင်မများ နှင့် အစွယ်ပေါက် ကာစ ဆင် ကလေးများ အား ထိုင်း နိုင်ငံရှိ ကမာ္ဘလှည့် ခရီးသည်များ ဆွဲဆောင် နိုင်ရေး တိရစ္ဆာန် စွမ်းရည် ပြပွဲများ တွင် အသုံးပြု ရန် ၀ယ်ယူ လေ့ရှိ ကြ သည်။

ယခု ကဲ့သို့ ဆင်များ အား နယ်စပ် ဖြတ်ကျော် ရောင်းချ နိုင်ရေး အတွက် မြန်မာ နယ်ခြား စောင့် ၀န်ထမ်း များ အား ဆင် တစ်ကောင် လျင် အမေရိကန် ဒေါ်လာ (၂၀၀) နှုန်းမျှ ပေးဆောင်ခြင်းဖြင့် အလွယ်တကူ ဆောင်ရွက် နိုင်ကြောင်း လည်း သိရှိ ရသည်။ မြန်မာ နိုင်ငံ သည် အရှေ့တောင် အာရှ ဒေသ အတွင်း ဆင်များ နေထိုင် မှု အများပြား ဆုံး နိုင်ငံ ဖြစ်ပြီး ဆင်ကောင် ရေ (၄၀၀၀) နှင့် (၅၀၀၀) ကြား ရှိနေ ကြောင်း စာရင်းများ တွင် မှတ်တမ်း တင်ထား သည်။ သတင်းများ အရ ဆင်စွယ် အပါအဝင် ရှားပါး တိရစာ္ဆန် အစိတ် အပိုင်း (၉၀၀၀) ကျော်မျှ အား မြန်မာ နိုင်ငံ အတွင်း မှ ခိုးထုတ် သွားခဲ့ သည့် အထောက်အထား များ လည်း တွေ့ရှိ ခဲ့သည် ဟု သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here