ကုန်သွယ်မှု ဗဟိုဌာနအား တိုက်ခိုက်ခဲ့ကြောင်း အကျဉ်းသားများ ၀န်ခံ

alt

အ မေရိကန် ကုန်သွယ်မှု ဗဟိုဌာန အဆောက်အအုံ များ တိုက်ခိုက်မှု တွင် အဓိက ကြိုးကိုင် စေခိုင်း ခဲ့သည် ဟု ယူဆ ရသော အကျဉ်းသား များ က ၎င်းတို့ သည် ထိုကိစ္စကြီး တစ်ခုလုံး အား ပြင်းထန်သော ယုံကြည်ချက် ဖြင့် လုပ်ဆောင် ခဲ့ကြကြောင်း ပြောကြား ခဲ့သည်။ ထို့ပြင် အခြေအနေ အရပ်ရပ် အား အသေးစိတ် ဖြောင့်ချက် ပေးရန် တရားဝင် ရုံးတင် စစ်ဆေးမှု ပြုလုပ်ပေးရေး ခါလစ်ရှိတ်မိုဟာမက် နှင့် အပေါင်းအပါ (၄) ဦး တို့က တောင်းဆို နေကြ သည်။

လူ့ အခွင့်အရေး တောင်းဆို သူများ က တောင်းဆို ခဲ့မှုကြောင့် ကျူးဘား ပင်လယ်ကွေ့အတွင်း ဂူရန်တာနာမို စစ် အကျဉ်းထောင် ကြီး အား ပိတ်သိမ်း ခဲ့အပြီး ထို အကျဉ်းထောင် တွင် ထိန်းသိမ်းထား သည့် ၎င်းတို့( ၅) ဦးအား ရုံးတင် စစ်ဆေးရန် စီစဉ် နေစဉ် ၎င်းတို့ က ယခု ကဲ့သို့ ၀န်ခံ ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ကို အလွန် မုန်းတီး ကြောင်း ခါလစ် က ပြောဆို သည်။ ၎င်းတို့ အနေနှင့် အမေရိကန်အား ထာဝရ ရှုံးနိမ့် စေမည် ဆိုသော ခံယူချက် အတွက် အသက် ပေးထား ပြီး ဖြစ်ကြောင်း ခါလစ် က ပြောဆို သွား သည်။

(၂၀၀၁) ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် ဖြစ်ပွား ခဲ့သည့် လေယာဉ် အနုကြမ်းစီးကာ အမြွှာ အဆောက် အအုံများ အား ၀င်တိုက် စေခဲ့သည့် အကြမ်းဖက်မှု ကြီး အတွင်း အနည်းဆုံး လူ (၃၀၀၀) မျှ သေဆုံး ခဲ့ကြ ရသည်။ အမေရိကန် အာဏာပိုင် အဖွဲ့ အစည်း များ က ၎င်းတို့ (၅) ဦးအား စစ်ခုံရုံးတင် စစ်ဆေး ကြမည် ဟု ထုတ်ဖော် ကြေငြာ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here