Virgin Killer သည် Wikipedia Killer ဖြစ်လာခဲ့

alt

V irgin Killer နှင့်ဆိုင်သော Entry များအား အကြိမ် များပြား စွာ ၀င်ရောက် ရှာဖွေ ခဲ့မှု အတွက် Wikipedia ၏ ရပ်တည်မှု အပေါ် ညစ်နွမ်း စေ ခဲ့ကြောင်း သိရှိ ရသည်။ အဝတ်မပါ ဗလာ ကိုယ်လုံးဖြင့် မိန်းကလေး တစ်ဦး၏ ပုံကို အယ်လ်ဘမ် မျက်နှာဖုံး အဖြစ် အသုံးပြု ခဲ့သည့် Virgin Killer အမည်ရှိ အယ်လ်ဘမ်အား ဂျာမန် Rock ဂီတ Band ဖြစ်သည့် Scorpions မှ ထုတ်ဝေခဲ့ပြီးနောက် ၎င်းနှင့်ဆိုင်သည့် Entry တွင် ၀င်ရောက် ရေးသားမှုများ အများအပြား ပြုလုပ်ခဲ့ကြသည်။

(၁၉၇၆)ခုနှစ်ကတည်းက ထုတ်ဝေခဲ့သည့် အယ်လ်ဘမ်ဖြစ်သော်လည်း ယခုနှစ်ကာလများတွင် ပြန်လည်ရေပန်းစားပြီး Wikipedia တွင် ဖြည့်စွက်မှု၊ ပြင်ဆင်မှုများ ရေးသားလာကြရာ ဗြိတိသျှ အင်တာနက်စောင့်ကြည့်ရေးအဖွဲ့က Wikipedia အား Blacklist အဖြစ် ကြေငြာလိုက်သည်။ ထိုအခြေအနေသည် Online တွင် ဗဟုသုတ ရှာမှီးစေရေး ရည်ရွယ်ထားသည့် Wikipedia အတွက် ဆိုးရွားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာစေခဲ့သည်။

ထို့နောက်ပိုင်းတွင် Wikipedia အနေနှင့် ဗြိတိန်မှ Online ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းခဲ့ပြီးနောက် ဂရမ်မီဆုရ Virgin Killer နှင့်အတူ ၎င်းကဲ့သို့ မသင့်တော်ကြောင်း ယူဆထားသည့် Entry များအား ၀င်ရောက် ပြင်ဆင်ခွင့်၊ ပါ၀င်ရေးသားခွင့်များ မပြုတော့ရန် စီစစ်ပိတ်ပင်သွားမည်ဟု အတည်ပြုခဲ့သည်။ သို့တိုင်အောင် ယခုကဲ့သို့ Virgin Killer ကြောင့် Blacklist ထိခဲ့ခြင်းကြောင့် Wikipedia အနေနှင့် နာမည်ပျက်ခဲ့ရပြီး Virgin Killer အား Wikipedia Killer ဟု ညွှန်းဆိုမှု များ ပေါ်ပေါက်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here