နော်ဝေနိုင်ငံမှ ဝက်ဘ်ဆိုက် အသုံးပြုမှုများအား ဆွီဒင် စောင့်ကြည့်မည်

alt

ဆွီ ဒင်နိုင်ငံ၏ လုံခြံုရေး ဥပဒေသစ် အရ နော်ဝေ နိုင်ငံ၏ ၀က်ဘ်ဆိုင် ရာ Traffic များအား ဆွီဒင်နိုင်ငံမှ လုံခြံုရေး အရာရှိများ က စောင့်ကြပ် ကြည့်ရှု သွားမည်ဟု နော်ဝေ အာဏာပိုင် များ က အတည်ပြု ခဲ့သည်။ နော်ဝေ တွင် အသုံးပြု နေသည့် မိုဘိုင်းလ် ဖုန်း များ နှင့် email များမှ Traffic များကိုပါ ဆွီဒင်ရဲ များ က ထိန်းသိမ်း စောင့်ကြပ် သွားမည် ဖြစ်သည်။

ဆွီဒင် နိုင်ငံမှာ ပတ်ဝန်းကျင် နိုင်ငံများမှ အီလက် ထရောနစ် ဆိုင်ရာ ချိတ်ဆက်မှု အားလုံး လောက်နှင့် ဆက်သွယ် ထားပြီး ယခုအခါတွင် လုံခြံုရေး ထိန်းသိမ်းမှု ဆိုင်ရာ ဆက်စပ် နေမည့် နော်ဝေ နိုင်ငံဘက် သို့ပါ အကူအညီ ပေးလာခြင်း ဖြစ်သည်။

ရှာဖွေမှု သတင်း အချက် အလက်များ၊ ဆက်သွယ်ရေး ဆိုင်ရာ တုန့်ပြန်မှုများ အားလုံး တို့မှာ ဆွီဒင် နိုင်ငံ၏ ကေဘယ်လ် စနစ်အတွင်း ဖြတ်သန်း သွားမည့် အတော အတွင်း ဆွီဒင်ဘက် မှ ထိန်းသိမ်း သွားမည်ဟု နော်ဝေ ဘက်က ပြောကြား ခဲ့သည်။ ယခုကဲ့သို့ နှစ်နိုင်ငံ အကြား Traffic ဆိုင်ရာ စောင့်ကြည့်ရေး အကူအညီ ပေးမှုကြောင့် နော်ဝေ နိုင်ငံ၏ မိုဘိုင်းလ် ကွန်ယက် လုံခြံုမှု အတွက် များစွာ အကျိုသက် ရောက် ခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here