မြန်မာနိုင်ငံအရေး၊ အာဆီယံ ၀င်ပါရန်လို

alt

မြန် မာနိုင်ငံ တွင် ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ရေး အတွက် အာဆီယံ အဖွဲ့ကြီး အနေ နှင့် တိုက်တွန်းမှု များ ထဲထဲ ၀င်ဝင် ပြုလုပ်ရန် လိုအပ် နေဆဲ ဖြစ်သည်။ အရှေ့တောင် အာရှ (၁၀) နိုင်ငံ ပါ၀င်သော အဆိုပါ အဖွဲ့ကြီး အနေနှင့် မြန်မာ စစ် အာဏာပိုင် များ ၏ နိုင်ငံရေး အကျဉ်းသား များ အား နှစ်ရှည် ထောင်ဒါဏ်များ စီရင် ချမှတ် နေခြင်း အပေါ် မျက်ကွယ် ပြုထား ခြင်းသည် ဒေသတွင်း လူ့ အခွင့်အရေး နိမ့်ပါးမှု များ ပေါ်ပေါက် စေနိုင်ကြောင်း နိုင်ငံတကာ လူ့အခွင့် အရေး အဖွဲ့များ က ထောက်ပြ ထားကြသည်။

ထို့ပြင် (၂၀၀၇) စက်တင်ဘာလ အတွင်း ဖြစ်ပွားခဲ့သည့် ဒီမိုကရေစီ တောင်းဆို ဆန္ဒပြသူများ အား စစ် အစိုးရ အာဏာပိုင် များ က ရက်ရက် စက်စက် နှိမ်နင်း သတ်ဖြတ်ခဲ့ မှုများ၊ (၂၀၀၈) ခုနှစ် မေလဆန်း တွင် ဖြစ်ပွား ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြီး အတွင်း လေဘေးသင့် မြန်မာပြည်သူများ အတွက် မြန်မာ စစ် အစိုးရ အနေနှင့် အကူအညီ မပေးဘဲ ခေါင်းပုံ ဖြတ်ခဲ့မှုများ အား အာဆီယံ အဖွဲ့ကြီး အနေနှင့် တစုံတရာ အရေးမယူ ခဲ့ခြင်းမှာ လည်း အဖွဲ့ကြီး ၏ ရပ်တည်ချက် နှင့် ဂုဏ်အသရေ ကို ထိခိုက် ညှိုးနွမ်း စေခဲ့ သည်။

မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ် အောင်ဆန်း စု ကြည်် အပါ အဝင် နိုင်ငံရေး သမားများ အား စစ် အစိုးရ က မတရား ဖမ်းဆီးထား မှု များအပေါ် အာဆီယံ အနေနှင့် လျစ်လျူရှု ထားကြောင်း စွပ်စွဲချက်များ လည်း ပေါ်ပေါက ်နေဆဲ ဖြစ်သည်။ ထိုသို့သော အခြေအနေများ အား အာဆီယံ အနေနှင့် တစုံတရာ တုန့်ပြန်မှု မျိုး မပြုလုပ် သေးသည့်တိုင် မြန်မာ့နိုင်ငံ ရေး ပရမ်းပတာ အခြေအနေများ အတွက် အာဆီယံ အနေနှင့် ၀င်ရောက် ပါ၀င်သင့်ကြောင်း နိုင်ငံတကာ မှ တောင်းဆို နေကြသည် ဟု သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here