Firefox 3.1 အတွက် ဒုတိယမြောက် Beta Version ထုတ်

alt

M ozilla က ၎င်း၏ နာမည်ကျော် Web Browser ဖြစ်သော Firefox အတွက် Version သစ်အား ထပ်မံ ထုတ်ပေး လိုက်ပြီ ဖြစ် သည်။ Firefox 3.1 အတွက် ဖြည့်စွက်မှုများ ပြုလုပ် ထား သည့် ဒုတိယ Beta Version အား ထုတ်ဝေ ပြီးနောက် Mozilla ၏ Porn Mode ခေါ် Feature အသစ်နှင့် မိတ်ဆက် ပေးလိုက် သည်။

ကမာ္ဘပေါ်တွင် လူသုံးအများဆုံး Web Browser အဖြစ် မကြာသေးမီ ရက်ပိုင်း ကမှ Microsoft ၏ Internet Explorer အား ကျော်တက် လာခဲ့သည့် Firefox ၏ ရပ်တည်မှု ခိုင်မြဲနိုင်ရေး အစွမ်းကုန်ကြိုးစားရန် Mozilla အနေနှင့် အဆင်သင့်ရှိနေပြီး ယခု Beta Version တွင် အသံနှင့် ဗီဒီယိုဆိုင်ရာ ပြုလုပ်နိုင်မည့် Web Worker ခေါ် ၀န်ဆောင်မှုလည်း ပါ၀င်လာမည်ဖြစ်သည်။ Java Script အခြေခံ TraceMonkey အား အသုံးပြုထားသောကြောင့် Version အသစ်သည် ပိုမိုလျင်မြန်လာမည်ဟု Mozilla က ဆိုသည်။

 Mozilla က Version 3.1 အတွက် ယခုBeta Version သည် နောက်ဆုံးမဟုတ်သေးဘဲ လိုအပ်ချက်များကို စောင့်ကြည့်နေပြီး ဖြည့်စွက်မှုများ ထပ်လုပ်ဦးမည်ဟု ကြိုတင်ကြေငြာထားသည်။ နောက်ဆုံးထုတ် Firefox 3.1 Beta Version အား Shiretoko ဟု အမည်ပေးထားပြီး နောက်နှစ် အစောပိုင်းတွင် ထုတ်ဝေရန် ပြင်ဆင်ထားသည်။ သို့သော်လည်း ယခုအချိန်တွင်မူ နောက်ဆုံးထုတ် အတွက် ရက်အတိအကျ ကို မသိရသေးပေ။

(၂၀၀၈) ခုနှစ်သည် Web Browser များကြား ပြိုင်ဆိုင်မှု ပြင်းထန် စေခဲ့သော ကာလ ဖြစ်လာပြီး IE၊ Firefox တို့နှင့် အတူ Google မှ ထုတ်လုပ်သည့် Chrome ကဲ့သို့သော Browser များပါ ပေါ်ပေါက်လာခြင်းကြောင့် Firefox အား လစ်ဟာမှု မရှိအောင် ဖြည့်တင်းမှုများ လိုအပ်လာပြီဟု Mozilla က ထုတ်ဖော် ကြေငြာ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here