ဥရောပ မြန်နှုန်းအမြင့်ဆုံး မိုဘိုင်းလ်ကွန်ယက်ကို ဆွီဒင်ပိုင်ဆိုင်

alt

ရောပ၏ မြန်နှုန်း အမြင့်မားဆုံး မိုဘိုင်းလ် ကွန်ယက် စနစ်အား ဆွီဒင် နိုင်ငံ က ပိုင်ဆိုင် လာတော့မည်ဟု သိရှိ ရသည်။ ဆွီဒင် နိုင်ငံရှိ ကုမ္ပဏီများ က ကွန်ယက်ဆိုင်ရာ နည်း ပညာ အဆင့်မြှင့် မှု များ ပြုလုပ် ပြီး ချိန် တွင် မြန်နှုန်း အဆင့်မှာ တစ်စက္ကန့် လျက် (၂၁) Mb ထိ ရှိလာ မည် ဖြစ်ကြောင်း သိရှိ ရသည်။


(၂၀၀၉) ခုနှစ်၏ ပထမ(၃) လ အတွင်း နည်းပညာ အဆင့်မြှင့်မှု ပရောဂျက်(၃)ခုထိ ပြုလုပ်သွားရန် ရည်ရွယ် ထားကာ လက်ရှိ မြန်နှုန်း တစ်စက္ကန့် လျင် (၁၄.၄) Mb အား ပိုမို ကောင်းမွန်လာစေရန် ရည်ရွယ် ထားသည် ဟု ဆိုသည်။
ယခုကဲ့သို့ မြန်နှုန်းမြင့် မိုဘိုင်းလ်ကွန်ယက်အား ရရှိ ထားခြင်းဖြင့် ဆွီဒင် ပြည်သူများ ၏ ဆက်သွယ်ရေး ဆိုင်ရာ လုပ်ငန်းများ ကို ပိုမိုအဆင်ပြေ ချောမွေ့စွာဖြင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ် ထားသည်။ ယခု ပရောဂျက်အား ဆက်လက် အဆင့်မြှင့်ဦးမည်ဖြစ်ပြီး (၂၀၀၉) ခုနှစ်အကုန် (သို့မဟုတ်) (၂၀၁၀) ခုနှစ် အစောပိုင်းခန့်တွင် မြန်နှုန်း အဆင့် တစ်စက္ကန့်လျင် (၂၀၀) Mb အထိ ရရှိစေရေး ဆောင်ရွက် သွားမည်ဟု သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here