ဗြိတိန်တွင် Wikipedia အား စီစစ်မှုများ ပြုလုပ်မည်

alt

ဗြိ တိန်နိုင်ငံ အင်တာနက် ၀န်ဆောင်မှုဆိုင်ရာ အထောက် အပံ့ပြုသူများက အင်တာနက် စွယ်စုံကျမ်း Wikipedia အား စီစစ်မှုများ ပြုလုပ် သွားတော့မည် ဟု သိရှိရသည်။ အင်တာနက် စောင့်ကြည့်ရေး ဖောင်ဒေးရှင်း (IWF) က Wikipedia ၀က်ဘ်ဆိုက်ကို Blacklist အဖြစ် သတ်မှတ် လိုက်ပြီးနောက် ယခု ကဲ့သို့ ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။

စိတ်ကြိုက် ပြင်ဆင်ခွင့်၊ ဖြည့်စွက်ခွင့်များ ပေးထားသည့် Wikipedia တွင် ကြမ်းကြုတ်သော၊ လူမှုရေး နယ်ပယ်နှင့် မလျော်ညီသော အရေးအသားများပါ ပါ၀င်လာသဖြင့် IWF က Wikipedia အား Block လုပ်သင့်သည်ဟူသော အကြံပြု မှုမျိုး ဒီဇင်ဘာလ (၆)ရက်နေ့က ထုတ်ပြန်လိုက်သည်။

သို့သော်လည်း အင်တာနက်တွင် ရှာဖွေမှုများ အားလုံး အတွက် အဆင်ပြေအောင် ၀န်ဆောင်မှုပေးထားသော Wikipedia အား အလုံးစုံ ပိတ်ပင်မှုများ ပြုလုပ်မည်ဆိုပါက သာမန်အသုံးပြုသူများအတွက် အလွန်နစ်နာဖွယ် ရှိလာမည်ဖြစ်သောကြောင့် စီစစ်မှုများ ပြုလုပ်သွားရန် ပြင်ဆင်လာခဲ့သည်။

Wikipedia တွင် ဖော်ပြထား မှုများသည် Blacklist ၀င် ၀က်ဘ်ဆိုက်များ အား Link ပေးထားတတ်သောကြောင့် ထို Proxy များအား ၀င်ရောက်ကြည့်ရှုနိုင်ခြင်း မရှိစေရေး ပိတ်ပင်သွားရန် Wikipedia အား ထိန်းသိမ်းနေသူများက သဘောတူခဲ့သည်။ Wikipedia နှင့်ပတ်သတ်ပြီး ကန့်သတ်မှုအချို့ ပြုလုပ်ခဲ့ခြင်းသည် ဗြိတိန်နိုင်ငံ အတွက် ယခုအကြိမ်သည် ပထမဆုံး ဟုလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here