ကုလသမဂ္ဂက အာရှ(၇)နိုင်ငံအား အာဟာရဖြည့်တင်းရေး စီမံကိန်း အရှိန်မြှင့်မည်

alt

ကု လသမဂ္ဂ ၏ ကမာ္ဘ့အစားအစာ အစီအစဉ် အရ ဒေါ်လာ(၁၅) သန်းဖိုး အကုန်အကျခံ ကာ အာဟာရ ဖြည့်တင်း ရေး စီမံကိန်း များ အတွက် ဖြည့်ဆည်း ဆောင်ရွက်မှုများ ပြုလုပ် သွားမည် ဟု ပြောဆို ခဲ့သည်။ ယခု Project သည် အာရှ ဒေသ အတွင်း ဆင်းရဲငတ်ပြတ်မှု အဆိုး ရွားဆုံး ဖြစ်ပေါ် နေသည့် နိုင်ငံ (၇) နိုင်ငံမှ မိခင် နှင့် ကလေးငယ်များ၊ မိသားစုများ အတွက် ရည်ရွယ် ထားခြင်း ဖြစ်သည်။

ကုလ သမဂ္ဂမှ ထောက်ပံ့ သွားမည့် အာရှ (၇) နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အရှေ့တီမော နှင့် မြန်မာ နိုင်ငံ တို့ဖြစ် ကြ သည်။ အာဟာရ ပြတ်လတ်မှု များ သည် အဆိုပါ အာရှ နိုင်ငံများ အတွင်း ဆိုးရွား နေသည့် စိန်ခေါ်မှု တစ်ရပ်အဖြစ် တည်ရှိ နေသည် ဟု ကုလသမဂ္ဂ က ကြေငြာ ခဲ့သည်။

ယခုစီမံကိန်းအတွက် ကုန်သွယ်ရေးဆိုင်ရာ ဦးစီးဦးဆောင်နိုင်ငံများက ဒေါ်လာ(၄)သန်း ထောက်ပံ့ ကုညီမည် ဖြစ်သည်။ လာမည့်(၃) နှစ်တာ ကာလ အတွင်း အသက်(၂) နှစ်အောက် ကလေးငယ် များ အာဟာရ မပြည့်ဝမှု ကြောင့် သေနှုန်း တစစ မြင့်တက် လာမှုကို ကာကွယ် သွားနိုင်ရန် ကုလ သမဂ္ဂ က ရည်ရွယ် ထားသည်။

မြန်မာ နိုင်ငံကဲ့သို့ အလုပ်အကိုင် ချို့တဲ့ သည့် နိုင်ငံများ နှင့် အရှေ့ တီမောကဲ့သို့ အစိုးရ ပိုင်းဆိုင်ရာ တည်ငြိမ်မှု မရှိသေးသည့် နိုင်ငံများ တွင် NGO အဖွဲ့များ၏ လုပ်အား နှုန်းမှာ များစွာ အရေးပါ လာမည်ဟု ကုလ သမဂ္ဂက ပြောဆို ခဲ့သည်။ လက်ရှိ အချိန်တွင် အာရှ ဒေသနိုင်ငံ များမှ ကလေးငယ် များ ငတ်မွတ် ခေါင်းပါးမှု ပပျောက်ရေး အတွက် ဆောင်ရွက် သွားမည် ဖြစ်ပြီး နောက်ပိုင်းတွင် အဆိုပါProjectအား တစ်ကမာ္ဘလုံး အတိုင်း အတာထိ တိုးမြှင့် သွားရန် ရည်ရွယ် ထားသည် ဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here