PPP ပါတီဝင်များ ဒီမိုကရက်တို့နှင့် မပူးပေါင်းရန် ပိုဂျမား၏ အားထုတ်မှု မအောင်မြင်

alt

ဆန့် ကျင်ဘက် အတိုက်အခံပါတီက PPP ပါတီဝင်ဟောင်းများ အား အစိုးရသစ် ဖွဲ့စည်းရာတွင် ပါ၀င်ကြပါရန် ဖိတ်ခေါ်မှု အား တားမြစ်ရန် ကြိုးပမ်း ခဲ့သည့် ပိုဂျမား ၏ ကြိုးပမ်းမှု မှာ များစွာ နောက်ကျခဲ့ပြီ ဟု ဒီမိုကရက်တစ် ပါတီဘက် မှ ကြေငြာ ခဲ့သည်။

ဒီမိုကရက်တစ် အထွေထွေ အတွင်းရေးမှူး ဆူသက်ပ် သွန်ဆူဘန် က PPP ပါတီ မှ နူဝင်ချစ်ဘ်ချော့ နှင့် အခြားသော နိုင်ငံရေး သမားများ ဒီမိုကရက်တစ် တို့နှင့် ပူးပေါင်းမည ်ဖြစ်ကြောင်း အတည်ပြု ကြေငြာ ခဲ့သည်။ PPP ပါတီမှ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ၏ ဇနီးဟောင်း ပိုဂျမား အနေနှင့် နူဝင် အပါအဝင် PPP ပါတီဝင်ဟောင်း (၃၇) ဦးတို့ ဘက်ပြောင်းမည့် အရေး အတွက် နူဝင်ထ ံဖုန်းဆက်ပြီး တားမြစ်ရန် ကြိုးစား ခဲ့သေးသော်လည်း နူဝင် က (၃) ကြိမ်လုံး ဖုန်းမ ကိုင်ခဲ့ကြောင်း သိရှိ ရသည်။

ယခု အနေအထားကြောင့် ပိုဂျမား တစ်ယောက် ဟောင်ကောင် မှ ထိုင်းသို့ ဒီဇင်ဘာလ (၅) ရက်နေ့က အပြေးအလွှား ပြန်လည် ရောက်ရှိလာ မှုမှာ အသုံးမ ၀င်နိုင်တော့ ဟု နိုင်ငံရေး အကဲခတ်များ ကဆိုသည်။ နူဝင် က ဒီမိုကရက်တို့ နှင့် ပူးပေါင်းခြင်း သည် ၎င်း၏ ဦးနှောက်ဖြင့် စဉ်းစားပြီး ဆုံးဖြတ်ခဲ့ ခြင်းမျှသာ ဖြစ်ကြောင်း ပြောကြား သွားသည်။ ထိုအချိန်တွင် အသစ် ဖွဲ့စည်းထား သော ပူအာထိုင်း ပါတီမှ လည်း ရွေးကောက်ပွဲ ၀င်ရန် တားမြစ်ခံ ထားရသည့် ချတ်ထိုင်းပါတီ မှ နိုင်ငံရေးသမား များကို စည်းရုံးသိမ်းသွင်း ပြီး ပါတီ အင်အား တောင့်တင်းနိုင်ရေး ဆောင်ရွက် ရန်ပြင်ဆင် နေရာ ထိုင်းနိုင်ငံရေး အားပြိုင်မှုများ မှာ အဆုံးသတ်ရန် မလွယ် သေးကြောင်း နိုင်ငံရေး သုတေသီများ က သုံးသပ် နေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here