Microsoft က Vista အတွက် Service Pack 2 Beta Version ထုတ်ဝေ

alt

M icrosoft ကော်ပိုရေးရှင်းက Windows Vista အတွက် Service Pack 2 Beta Version ကို ထုတ်ဝေ လိုက်ပြီဖြစ် သောကြောင့် Vista အသုံးပြုသူများသည် Microsoft ၀က်ဘ်ဆိုက်တွင် အခမဲ့ Download လုပ်ပြီး ရယူနိုင်ကြောင်း သိရှိရသည်။ လုံခြံုရေးဆိုင်ရာ အဆင့်မြှင့်မှုများ ထည့်သွင်း ထားသည့် Pack အသစ်သည် Vista ၏ ယိုယွင်း နေမှုများ အတွက် အထောက်အကူ ဖြစ်လာ စေနိုင်ကြောင်း Microsoft က ကြေငြာ ခဲ့သည်။

မတ်လ အတွင်းက ထုတ်ဝေခဲ့သည့် Service Pack 1 အတွင်းသို့ နောက်ထပ် လိုအပ်နိုင်သည့် security နှင့် performance ဆိုင်ရာ အရည်အသွေးများ ဖြဘ့်စွက် ပေးထားပြီး ယခ ုPack အသစ်မှာ နောက်ဆုံးပေါ် Bluetooth များကိုလည်း Support လုပ်နိုင်မည်ဖြစ်သည်။ Blu-ray အဆင့်မြင့် မီဒီယာ အချို့နှင့် encoding လုပ်မှု အဆင်မပြေသော error များကိုလည်း ဖြေရှင်း ပေးထားသည်ဟု Microsoft က ကြေငြာ ထားသည်။

ထို့ပြင် Wi-Fi ချိတ်ဆက်မှုများအား ပိုမို ကောင်းမွန်လာစေမည်ဟု သိရှိရသည်။ ထို့ပြင် ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်မည့် MSDN Developer Conference တွင် အသစ်ထုတ်မည့် Windows 7 OS ၏ Beta Version DVD များ ဖြန့်ဝေ ပေးပြီး အကြံပြု ချက်များ ရယူသွား မည်ဟု သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here