လူတိုင်းအတွက် အင်တာနက်စီမံကိန်း ဖော်ဆောင်နိုင်ရန် ခက်ခဲ

alt

ကု လသမဂ္ဂမှ ကျောထောက် နောက်ခံ ပြုထားသည့် Forum တစ်ခု တွင် ဖော်ပြထား မှုအရ ကုလသမဂ္ဂ မှ ရည်ရွယ် ဖော်ဆောင် လျက်ရှိသော လူတိုင်း အင်တာနက် အသုံးပြုနိုင်  ရေး စီမံချက် မှာ အိနိ္ဒယ နိုင်ငံ တွင် ပင် အကောင် အထည် ဖော်နိုင် ရန် အခက်အခဲ များစွာ ရှိနေ သေးကြောင်း သိရှိ ရသည်။

အစိုးရ ပိုင်းဆိုင်ရာ ကန့်သတ်မှု များနှင့် အင်တာနက် ဆက်သွယ်ရေး ၀န်ဆောင်မှု များ၊ အင်တာနက် ဆိုင်ရာ အဖွဲ့အစည်းများ ၏ လိုအပ်မှု များကြောင့် လူဦးရေ အလွန် ထူထပ် များပြားသည့် အိန္ဒိယလို နိုင်ငံမျိုး တွင် အဆိုပါ စီမံကိန်း အကောင်အထည် ဖော်ရေးမှာ အလွန် ကြပ်တည်း နေကြောင်း အဆိုပါ Forum တွင် ဆွေးနွေး တင်ပြ ထားသည်။

နိုင်ငံပေါင်း (၁၀၀) ကျော်မှ လူဦးရေ (၂၀၀၀) ခန့်ပါ၀င် ဆွေးနွေးခဲ့သည့် Internet for All အစီအစဉ် တွင် ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွင်း အင်တာနက် နည်းပညာ ပြန့်ပွား အောင် ဆောင်ရွက်ရေး၊ မသန်မစွမ်း သူများ အင်တာနက် အသုံးပြုမှု အဆင်ပြေ ရေးစသော အကြောင်း အရာမျိုးစုံကို ဆွေးနွေး ကြသည်။ ပြည်သူများ အသိဉာဏ် ဖွံ့ဖြိုးမှု အတွက် အင်တာနက် အသုံးချမှု စွမ်းဆောင်ရည် မြင့်တက် လာအောင် ဆောင်ရွက်နိုင် ရေးသည် အိန္ဒိယ ကဲ့သို့ နိုင်ငံတစ်ခု အနေနှင့် ပြယုဂ်အဖြစ် ရှေ့ဆောင် နေသင့်သော် လည်း လက်တွေ့ တွင်မူ အလွန် ခဲယဉ်းနိုင်ကြောင်း Forum တွင် ရေးသား ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here