အိပ်ရေးမဝခြင်းကြောင့် ဖြစ်ပေါ်တတ်သော အခြေအနေများ

alt
  • ၁။ လေ့လာမှုများအရ တစ်ညတွင် (၇) နာရီအောက်သာ အိပ်သောသူများသည် ကိုယ်အလေးချိန် ပိုများတတ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကဆာလောင်စေသော ဟော်မုန်းများကို ပိုထွက်စေသောကြောင့် ဖြစ်သည်။
  • ၂။ အိပ်နေစဉ်တွင် အသက်ရှူ ပုံမမှန်ကြသူများမှာ အဆီအဆိမ့်များသောအစားအစာကို ကြိုက်နှစ်သက်တတ်သော သူများဖြစ်ကြပြီး အများအားဖြင့် မိန်းမများဖြစ်ကြသည်။
  • ၃။ အအိပ်အနေ နည်းပါးခြင်းသည် ဆီးချိုဖြစ်ခြင်းကို ပိုမိုနီးစပ်စေသည်။
  • ၄။ တစ်ညတွင် (၅) နာရီထက်နည်းပြီး အိပ်စက်တတ်သည့် အမျိုးသမီးများ၏ (၄၅)ရာခိုင်နှုန်း မှာနှလုံးရောဂါ ပိုမိုဖြစ်ပွားလေ့ရှိသည်။
  • ၅။ အဝလွန်သူများ၊ အိပ်နေစဉ် အသက်ရှူပိတ်တတ်သူများမှာ သွေးတိုးရောဂါဖြစ်ပွားနိုင်ခြေ သိသိသာသာ များပြားလာတတ်သည်။
  • ၆။ ယဉ်မတော်တဆမှုများ၏ (၂၀) ရာခိုင်နှုန်း မှာ ငိုက်မြည်းနေတတ်သည့် Driver များကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။
  • ၇။ အအိပ်ပျက်သည့် သက်ကြီးရွယ်အိုများတွင် ရုတ်တရတ် မူးမိုက်လဲကျမှုနှုန်း (၂) ဆမှ (၄.၅) ဆအထိ မြင့်လာနိုင်ကြောင်း ဖော်ပြထားသည်။
  • ၈။ စိတ်ပိုင်းဆိုင်ရာ ကယောင်ခြောက်ခြား ဖြစ်ပေါ်မှုများသည် အိပ်ရေးဝအောင် အိပ်ရခြင်းမရှိသည့် လူငယ်များတွင် ထင်ထင်ရှားရှား တွေ့ရတတ်သည်။
  • ၉။ အိပ်ရေးမဝသော ကလေးသူငယ်များတွင် စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ သူငယ်နာမစင်ခြင်းစသော အခြေအနေများ ပိုမိုအဖြစ်များသည်။
  • ၁၀။ တစ်ညတွင်(၅)နာရီပြည့်အောင် မအိပ်စက်သူများသည် အသက်ငယ်ငယ်နှင့် သေမှုမှာ သာမန်အခြေအနေထက် မြင့်မားနေကြောင်း တွေ့ရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here