ရှရွတ်ခန်ပါ၀င်မည့် အကြမ်းဖက်မှု ဆန့်ကျင်ရေး ရုပ်ရှင် ဇာတ်ကား

alt

အိ န္ဒိယနိုင်ငံ ဘောလီးဝုဒ် ရုပ်ရှင်စတား ရှရွတ်ခန် က ၎င်းသည် အကြမ်းဖက်မှု ဆန့်ကျင်ရေး ရုပ်ရှင် ဇာတ်လမ်း အသစ် တစ်ခုတွင် ပါ၀င် သရုပ်ဆောင် မည်ဟု အတည်ပြု ပြောကြား လိုက် သည်။ အိန္ဒိယနိုင်ငံ အနေ နှင့် အကြမ်းဖက်မှု များအား လက်မခံ နိုင်ကြောင်း ကမာ္ဘ ကသိအောင် ဖော်ကျူး မည့် အဆိုပါ ရုပ်ရှင်သစ် တွင် အဓိက နေရာမှ ဦးဆောင် ပါ၀င်မည် ဟု ဒီဇင်ဘာလ (၆) ရက်နေ့က မလေးရှား နိုင်ငံ တောင်ပိုင်း မလက်ကာပြည်နယ် တွင် ပြောကြား သွားသည်။

အိန္ဒိယနိုင်ငံ ၏ အစ္စလာမ် ဘာသာဝင် တစ်ဦးဖြစ်သည့်  မင်းသားသည် ဘာသာရေး အား အကြောင်းပြပြီး အကြမ်းဖက် မှုများ ဆင်နွှဲ နေခြင်း သည် အစ္စလာမ် ဘာသာအား အကြီးအကျယ် ဂုဏ်ပျက် စေသည်ဟု စွပ်စွဲ ခဲ့သည်။ ဘောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားများ သည် မလေးရှား တွင် အလွန် ရေပန်းစားသလို မင်းသား ရှရွတ်ခန် မှာလည်း မလေး တို့၏ သည်းသည်းလှုပ် အားပေးခြင်း ခံရသည့် အနုပညာရှင် ဖြစ်သည်။

My Name IS Khan ဟု အမည် ပေးထားသော အဆိုပါ ဇာတ်ကားသစ်သည် ယခုလ အတွင်း စတင် ရိုက်ကူးမည် ဖြစ်ပြီး အစ္စလာမ် ဘာသာ နှင့် ကြမ်းတမ်းရ က်စက်မှုတို့ မည်သို့မျှ ဆက်စပ်မှု မရှိကြောင်း ပြသ သွားမည်ဟု ရှရွတ်ခန် က သတင်းထောက်များ အား ပြောကြား ခဲ့သည်။ ရှရွတ်ခန်အနေ နှင့် မွမ်ဘိုင်း တိုက်ခိုက်မှုကြီး အတွက် အစ္စလာမ်ဘာသာ အား ခုတုံးလုပ် အသုံးချသွားမှုအပေါ် အလွန် ၀မ်းနည်း မိသည်ဟု ထုတ်ဖော် ပြောဆို သွားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here