မက္ကာတွင် ဟတ်ဂျ်ပွဲတော် စတင်ကျင်းပလျက်ရှိ

alt

ဒီ ဇင်ဘာလ (၇) ရက်နေ့က ဆော်ဒီ အာရေးဘီးယား နိုင်ငံ မက္ကာမြို့တော် အနီး သဲကန္တာရ ကျောက်ဆောင် ကြီးတွင် အရေ အတွက် (၃) သန်း ခန့်ရှိသော လူလှိုင်းလုံးကြီး မှာ တရွေ့ရွေ့ နှင့် လှုပ်ရှား နေ ခဲ့သည်။ ဟတ်ဂျ် ပွဲတော်သို့ လာရောက်ပြီး ဟတ်ဂျီ ဘွဲ့ခံ ယူကြသည့် ကမာ္ဘ တလွှားမှ မွတ်ဆလင် အမျိုးသား များ ၀တ်ဆင် ထားသည့် ခေါင်းပေါင်း ဖြူများ ကြောင့် ဘာသာရေး အထွတ်အမြတ် ကျောက်ဆောင်ကြီး အနီး အဖြူရောင် လွင်ပြင်ကြီး သဖွယ် ဖြစ်နေ ခဲ့ သည်ဟု သိရှိရသည်။

အလ္လာအရှင်မြတ် အား မှတပါး အခြား ကိုးကွယ်ရာမရှိ၊ အလ္လာအရှင်မြတ် အား ခဝပ် ရိုသေပါ ၏ ဟူသော ကြွေးကြော်သံ များသည် ရင်ပြင်တော် အနှံ့ ပြန့်လွင့်နေခဲ့ကြောင်း မျက်မြင်များ က ဆိုသည်။ ထောင်ပေါင်း များစွာသော ဘုရားဖူး များသည် ကိုရန် ကျမ်းစာ မှ ရေးသား ေ ဖာ်ပြ ချက်များ ကို ရွတ်ဖတ် ပူဇော် နေခဲ့ ကြသည်။

၎င်းတို့ အနက် အများစု မှာ အီရန်၊ လက်ဘနွန်၊ အီရတ်၊ ဘာရိန်း တို့မှဖြစ် ကြပြီး ၎င်းတို့ ၏ ရန်သူတော် များဖြစ်သော အမေရိကန် နှင့် အစ္စရေး နိုင်ငံတို့ ကျဆုံးပါစေရန် ဆုတောင်း ခဲ့ကြ ကြောင်းလည်း သိရှိ ရသည်။ အီရန်နိုင်ငံ ဦးဆောင် သည့် အမေရိကန် ဆန့်ကျင်ရေး အင်အားစု များ ကလည်း ဟတ်ဂျတ်ပွဲတော် တွင် ဆန္ဒပြ ခဲ့ကြ သေးသည်။

မူလက ဆော်ဒီအာရေးဘီးယား နိုင်ငံအစိုးရ သည် ဘာသာရေး အထွတ်အထိပ် ပွဲတော်ကြီး အတွင်း နိုင်ငံရေး အရ ရောယှက်လာ မှုကို ခွင့်မပြု နိုင်ဟု ကြိုတင် ကြေငြာထား သော်လည်း နောက်ပိုင်းတွင် ဆန္ဒပြနေမှုများ အား တားမြစ် ခဲ့ခြင်း မရှိ ခဲ့ ဟု သိရှိ ရသည်။

အဘူဒါဘဘီ အကြီးအကဲ ရှိတ်စော်ဘွား အက်ဘ်ဒူလ်အဇစ် အယ်လ်ရှိက်ခ်က ယခုပွဲတော်သည် ကမာ္ဘတလွှား အစ္စလာမ်သာသနာ ပြန့်ပွား နေသည့် အင်အားကို ပြသ နိုင်ခဲ့ခြင်း ပင်ဖြစ်ကြောင်း ပြောကြား သွားသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here