ဘေးထွက်ဆိုးကျိုးများ ရှိနေနိုင်သည့် ချောင်းဆိုးပျောက်ဆေး (၄) မျိုးအား ကြေငြာ

alt

မေရိကန်နိုင်ငံ က ကြက်ညှာချောင်းဆိုး ပျောက်ဆေး (၄) မျိုး၏ အမည် များ အား ထုတ်ဖော် ကြေငြာ လိုက်ပြီး အဆိုပါ ဆေး များ သုံးစွဲ နေမှုသည် အခန့် မသင့်ပါက သေစေ နိုင်လောက် သည်အထိ ဘေးထွက် ဆိုးကျိုး အချို့ ရှိနေ နိုင်ကြောင်း ပြောကြား ခဲ့သည်။

အစားအသောက် နှင့် ဆေးဝါး ဆိုင်ရာ ကွပ်ကဲရေး အဖွဲ့မှ အရာရှိ နှစ်ဦးက အမေရိကန် နိုင်ငံတဝှမ်း အသုံးများ၊ ရေပန်း စားနေသည့် Advir၊ Symbicort၊ Serevent နှင့် Foradil စသည့် ဆေးများ အား သတိထား အသုံးပြု သင့်ကြောင်း ကြေငြာ ခဲ့သည်။ သို့သော် လည်း ၎င်း တို့ ၏ အမြင်အတိုင်း အစိုးရ ဘက်မှ လက်ခံကာ ထို ဆေးများ အား တရားဝင် ပိတ်ပင်ရန် ပြုလုပ်နိုင် ဖွယ် မရှိသေး ဟုလည်း သိရှိရသည်။

ထိုအရာရှိ နှစ်ဦးလုံး မှာ အစားအသောက် နှင့် ဆေးဝါးများ ဆိုင်ရာ ပြည်သူ့ လုံခြံုရေး ဌာနခွဲ အတွင်း အလုပ်လုပ် နေကြသူများ ဖြစ်သည်။ ဒေါက်တာ ဘတ်ဒရယ်လ် နှင့် ချောက်ဒ်ဟူရီ တို့၏ အဆိုအရ ထိုဆေးဝါးများ ၏ ဘေးထွက်ဆိုးကျိုး ပေါ်ပေါက်စေမှု မှာ တတိယ အဆင့်မျှသာ သတ်မှတ် ထားခြင်း ဖြစ်သော်လည်း အခန့် မသင့်ပါ က အသုံးပြု သူ၏ အသက် ဘေး အတွက်ပါ စိုးရိမ် ရကြောင်း အတည်ပြု ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here