ပါကစ္စတန်တွင် အရေးပေါ်တပ်လှန့်ထားခြင်း မရှိ

alt

မွမ် ဘိုင်းဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်အပြီး ပါကစ္စတန် အစိုးရအနေ နှင့် ၎င်း ၏လက်နက်ကိုင် တပ်ဖွဲ့များ အား အရေးပေါ် အခြေအနေအဖြစ် တပ်လှန့်ထားသည်ဆိုသော သတင်းများ အား ငြင်းဆန် လိုက်သည်။ ပါကစ္စတန် နိုင်ငံ အကြီး အကဲ အဆစ်ဖ်အလီဇာဒါရီ အား အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးက ခြိမ်းခြောက်မှု များ ပြုလုပ် ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာ အပြီး ပါကစ္စတန် အနေနှင့် စစ်ပြင် ထားပြီ ဆိုသည့် ကောလဟာလ များ ပေါ်ပေါက် လာမှုသည် အလွန်တရာ အခြေအမြစ် မရှိကြောင်း ပါကစ္စတန် အစိုးရပိုင်းက သတင်း ထုတ်ပြန် ခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီးက ပါကစ္စတန် အနေနှင့် မွမ်ဘိုင်းြ ဖစ်ရပ်တွင် တာဝန်ရှိ သည်ဟု စွပ်စွဲခဲ့ ကြောင်း ကိုမူ မှန်ကန် ပါကြောင်း ပါကစ္စတန်ဘက်မှ ကြေငြာ ခဲ့သည်။ သို့သော်လည်း ပါကစ္စတန် သမတ ဇာဒါရီက ထိုသို့ သော ခြိမ်းခြောက်မှု များအတွက် အရေးတကြီး ဂရုမပြုဟု ပြောဆို သွားသည်။ နှစ်နိုင်ငံကြား တင်းမာနေမှု မှာလည်း ဆက်လက် တည်ရှိနေပြီး မူလက ပါကစ္စတန် လေတပ်မတော်အား အိန္ဒိယလေယာဉ်များ အချိန်မရွေး ကျူးကျော် လာနိုင်ကြောင်း သတိပေး တပ်လှန့်မှုများ (၂၄) နာရီကြာမျှ ပြုလုပ် ထားခဲ့သည်။

လက်ရှိ အချိန်တွင် ဇာဒါရီမှာ တူရကီ သို့ အလည်အပါတ် ရောက်ရှိ နေကြောင်း ပါကစ္စတန် ထိပ်တန်း အုပ်ချုပ်ရေး အရာရှိများ က ပြောကြား သွားသည်။ လူပေါင်း (၁၇၁) ဦးသေဆုံးခဲ့ရသည့် မွမ်ဘိုင်း တိုက်ခိုက်မှု ကြီးအား ပါကစ္စတန် မှ စစ်သွေးကြွ များက ပြုလုပ် ခဲ့ကြပြီး အိန္ဒိယ – ပါကစ္စတန် ဆက်ဆံရေး မှာ အလွန် ဆိုးရွားနေ သော်လည်း ပါကစ္စတန်တို့ အနေနှင့် စစ်တပ်များ ကို တိုက်ခိုက်ရန် အသင့်အနေအထား တပ်လှန့် နှိုးဆော် ထားခြင်းမရှိ ဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here