ထိုင်းအစိုးရ အဖွဲ့သစ်တွင် အတိုက်အခံများ ပူးပေါင်းလာနိုင်

alt

ထိုင်း နိုင်ငံ၏ အင်အား အကြီးမားဆုံး အတိုက်အခံ ပါတီက ၎င်းတို့ အနေ နှင့် ယခင် ၀န်ကြီးချုပ် ဟောင်း သက်ဆင် ရှီနာဝတ် ၏ အစိုးရ အဖွဲ့ဝင်များ ကို စုစည်းကာ အစိုးရ သစ်ဖွဲ့ စည်းနိုင်ခြေ ရှိနေ ကြောင်း ပြောကြား သွား သည်။ အဆိုပါ အံ့အား သင့်ဖွယ် ကြေငြာချက် သည် သက်ဆင် အား လိုလား လျက်ရှိသည့် ထိုင်းပြည်သူများ ၏ တောင်းဆိုမှု ကြောင့် ဖြစ်နိုင် ကြောင်း နိုင်ငံရေး သုတေသီများ ကဆို သည်။

သက်ဆင် ၏ PPP ပါတီမှာ နိုင်ငံရေး လောကနှင့် ပတ်သတ်ခွင့် မရချိန်တွင် ပါတီဝင်များ ၏ ထူးချွန် ထက်မြတ်မှုကို အလဟသ မဖြစ်စေရန် အစိုးရအဖွဲ့ အတွင်း ပူးပေါင်းစေရေး ဖိတ်ခေါ်ခြင်း ဖြစ်သည်ဟု အတိုက်အခံ ဆန္ဒပြခဲ့ သူများ ဘက်မှ လေသံ လွှင့်လာ ခဲ့သည်။ အချို့သော ထိုင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများ ကမူ ယခုကဲ့သို့ အတိုက်အခံများ ပူးပေါင်း လာမှုသည် ထိုင်း ပြည်သူများအပေါ် ယနေ့တိုင် ဩဇာရှိနေသေးသော ၀န်ကြီးချုပ် ဟောင်း သက်ဆင် ၏ ဇနီးဟောင်း ပိုဂျမင် ဘန်ကောက် သို့ ရောက်ရှိလာမှု နှင့် ဆက်စပ် နေဖွယ်ရှိ သည်ဟု ဝေဖန် လျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here