အီရတ်နှင့် အာဖဂန်စစ်မြေပြင်ရှိ စစ်သည်များ ဦနှောက်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်

alt

အီ ရတ်နှင့် အာဖဂန်စစ်မြေပြင်များတွင် အမှုထမ်းနေရသည့် စစ်သည်များ အနေနှင့် စိတ်ကြောင့် ဦးနှောက်ပိုင်း ဆိုင်ရာ ထိခိုက် မှုများ ဖြစ်ပွား စေမည့် အခြေအနေ ပိုမိုများပြားကြောင်း သိရသည်။ စစ်မှုထမ်း များမှာ သာမန် လူများထက် စိတ်ဖိစီးမှု ပိုမို ခံစားရပြီး ကာလကြာရှည် ပြဿနာ များ ဖြေရှင်း နေရခြင်း ကြောင့် ဦးနှောက်အတွက် ဆိုးကျိုးများ သက်ရောက် တတ်ကြောင်း စစ်တမ်းများ အရ သိရှိ ရသည်။

အမေရိကန် ဆေးပညာ ဌာနက ဒီဇင်ဘာလ (၄)ရက်နေ့က ထုတ်ပြန် ကြေငြာမှုတွင် စစ်သည်များအနေနှင့် စိတ်ကျခြင်း၊ ဂယောင်ခြောက်ခြားဖြစ်ခြင်း၊ စိတ်ကစဉ့်ကလျား ဖြစ်တတ်ခြင်းနှင့် အယ်လ်ဇိုင်းမား ကဲ့သို့ ဦးနှောက် ထိခိုက်သော ရောဂါများ ဖြစ်တတ်ခြင်းတို့ ပိုမိုပေါ်ပေါက်တတ်သည်ဟု ရေးသားထားသည်။ အမေရိကန် အမျိုးသား ရေတပ်မတော် ဆေးဌာနတွင် သုတေသန ပြုမှုများ ဆေင်ရွက်ခဲ့ကြောင်း ၀ါရှင်တန်အခြေစိုက် အမျိုးသား ပြန်လည် ထူထောင်ရေး ဆေးရုံမှ ဒေါက်တာမိုက်ကယ် ယိုချယ်လ်ဆွန်က ပြောကြား သွားသည်။

ထို အခြေအနေ အတွက် သတိပြု အလေးထားသည့်ကြောင်း ယိုချယ်လ်ဆွန်က ဆိုသည်။ အီရတ် နှင့် အာဖဂန် တို့မှ ပြန်လည် ရောက်ရှိ လာသည့် စစ်သည်ဦးရေ သုံးသိန်းတို့အား စစ်ဆေးစမ်းသပ်မှု များ ပြုလုပ်ခဲ့ရာ (၁၉) ရာခိုင်နှုန်းကျော်မှာ စိတ်ပိုင်း ဆိုင်ရာ ယိုယွင်းမှုများ ဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ထို အခြေအနေ သည် စစ်မှုထမ်းများ အတွက် အပြောင်းအလဲ တစုံတရာ လိုအပ်နေပြီဆိုသည်အား ဖော်ညွှန်း နေခြင်း ဖြစ်ကြောင်း ဆရာဝန်များ က သတိ ပေးပြောဆို ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here