နိုင်ငံခြားအထောက်အပံ့အစီအစဉ် အကောင်းဆုံး ဆွီဒင်နိုင်ငံ

alt

မေရိကန်နိုင်ငံမှ ကောက်ခံသော စစ်တမ်းတစ်ခုအရ ကမာ္ဘ ပေါ် တွင် နိုင်ငံခြား အထောက် အပံ့အတွက် အကောင်းဆုံး အစီ အစဉ် ချမှတ် ဆောင်ရွက်နိုင်သော နိုင်ငံများ အနက် ဆွီဒင် သည် ထိပ်ဆုံး တွင်ရှိနေ ကြောင်း သိရသည်။ နိုင်ငံ အရွယ် အစား၊ ထောက်ပံ့ ပေးနေ သော အစီအစဉ် များ နှင့် ကျခံ သုံးစွဲ နေသော ငွေကြေး ရာခိုင်နှုန်း စသည့် အချက်များ အား ထည့်သွင်း တွက်ချက်ရာတွင် ဆွီဒင်မှာ နံပါတ်(၁) နိုင်ငံခြားထောက်ပံ့မှု အကောင်းဆုံး နိုင်ငံအဖြစ် ရပ်တည် ခဲ့ သည်။

ကမာ္ဘလုံးဆိုင်ရာ တိုးတက်ရေး စင်တာ (CGD) မှ အတည်ပြု ချက်အရ (၂၀၀၈) ခုနှစ်အတွင်း နိုင်ငံခြား ထောက်ပံ့မှု အစီအစဉ် များ အတွင်း ဆွီဒင် သည် ဓနကြွယ်ဝ သော ကမာ္ဘ့နိုင်ငံ (၂၂) ခုတွင် အကျယ် ပြန့်ဆုံး ဆောင်ရွက် ပေးနေ ကြောင်း သိရှိ ရသည်။ ထို အဆင့် သတ်မှတ်ချက်များ ကို ဒီဇင်ဘာလ (၅) ရက်နေ့က ထုတ်ပြန် ကြေငြာ ခဲ့ခြင်း ဖြစ်သည်။

Overall သတ်မှတ်ချက် အရ ဆွီဒင်မှာ ထိပ်ဆုံး ရောက်နေပြီး နယ်သာလန် နှင့် နော်ဝေး တို့မှာ ဆွီဒင် နောက်မှ ကပ် လိုက်ပြီး အစဉ်လိုက် ရပ်တည် နေသည်။ ဆွီဒင် ၏ ဒေသတွင်း အိမ်နီးချင်း စကန်ဒီနေးဗီးယန်း နိုင်ငံ ဖြစ်သော ဒိန်းမတ် မှာ နံပါတ် (၄) ချိတ်ပြီး ဖင်လန် မှာမူ သတ္တမ နေရာတွင် သာ ရှိနေ ခဲ့သည်။ ယခု စစ်တမ်း သည် နိုင်ငံတကာ အထောက် အပ့ံ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ လုံခြံုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် နည်းပညာဆိုင်ရာ ကဏ္ဍများ အားလုံး စုပေါင်း တွက်ချက်ထား ခြင်းဖြစ် ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here