Koobface ဗိုင်းရပ်စ်သည် Facebook သုံးစွဲသူများအတွက် ပြဿနာဖြစ်

alt

K oobface ဗိုင်းရပ်စ်ကို ဖယ်ရှားနိုင်ခြင်း မရှိသေးသောကြောင့် Facebook အတွက် စိတ်ပျက်စရာ ဖြစ်နေ ခဲ့သည်။ ကမာ္ဘကျော် Social Networking ၀န်ဆောင်မှု ၀က်ဘ်ဆိုက် မှတဆင့် ပြန့်နှံ့ နေသော အဆိုပါ Worm ကို ထိန်းချုပ် နိုင်ရေးမှာ ယခုတိုင် မအောင်မြင် သေးချေ။ Message များမှ တဆင့်ပါ ပြန့်နှံ့ နေသဖြင့် Koobface မှာ Facebook အသုံးပြုသူများ အတွက် ပြဿနာကြီး တစ်ရပ် ဖြစ်လာ နေခဲ့သည်။

ဩဂုတ်လ အတွင်းက စတင် ခဲ့သော Koobface ဒါဏ်တားဆီး နိုင်ရန်မှာ Facebookအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာနေခဲ့သည်။ Link တစ်ခု ပေးထားပြီး အဆိုပါ link ကို နှိပ်ပါ က အလွန်ရယ် ရွှင်ဖွယ်ကောင်း သော ဗီဒီယို အသစ်တစ်ခု ကြည့်ခွင့် ရမည် ဆိုသော ထောင်ချောက် ဆင်မှုမျိုး ကြောင့် လူပေါင်းများ စွာ Koobface ဒါဏ် ခံခဲ့ရကြောင်း Facebook မှ ကြေငြာ ထားသည်။

ကြည့်ရှုသူများအား Link အမှန်ကို ပေးထား သော်လည်း ၀င်ရောက် ကြည့်ရှုချိန် တွင် နောက်ဆုံးထုတ် Falsh Player Version အား အဆင့်မြှင့်ရန် လိုအပ်သည် ဟုဆိုကာ Download လုပ်ရန် ညွှန်ကြားပြီး ထို Download Link ကို ၀င်ယောက်မိ သည် နှင့် Malware က ချက်ချင်း အသက်ဝင် လာတတ် သည်ဟု သိရ သည်။ မူလက  အဆိုပါ ဗိုင်းရပ်စ်မျိုး Myspace တွင် ပေါ်ပေါက်ခဲ့ သေးသော်လည်း ချက်ချင်းလိုလို ဖယ်ရှား နိုင်ခဲ့သည်။ Facebook ၏ လုံခြံုရေး ဆိုင်ရာ အကြံပေး ချက် စာမျက်နှာ တွင် မူ အသုံးပြု သူများအနေ နှင့် နောက်ဆုံးပေါ် Antivirus Software များ အသုံးပြု ကြပါရန် တိုက်တွန်း နှိုးဆော် ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here