ပျော်ရွှင်မှုသည် ကူးစက်ပျံ့နှံ့တတ်သည်ဟုဆို

alt

ပျော် ရွှင်မှုသည် လူတစ်ဦးမှ တစ်ဦးဆီသို့ ကူးစက် ပြန့်နှံ့ တတ်ကြောင်း သိရှိ ရသည်။ ကလေးငယ် များ၊ မိသားစု များ၊ အပေါင်း အသင်းများ ကြား လူမှုရေး ဆိုင်ရာ အခြေအနေ အရပ်ရပ် တွင် ပျော်ရွှင်နေ မှုသည် စိမ့်ဝင် ကူးစက် သွားလေ့ ရှိကြောင်း ဗြိတိန် ဆေးပညာ ဂျာနယ် တွင် ရေးသား ဖော်ပြ ထားသည်။

ဂျာနယ်က လူမှုပေါင်းသင်း ဆက်ဆံရေးနယ်ပယ်တွင် ပျော်ပျော် ရွှင်ရွှင် ကျင့်ကြံ နေထိုင် သင့်ကြောင်း လည်း တိုက်တွန်း ထား သည်။ ပျော်ရွှင်မှု မှာ လူအများ ကြား ကူးစက် ရောဂါသဖွယ် ပြန့်နှံ့ တတ်ကြောင်း၊ ထို အခြေအနေ သည် စိတ်ပိုင်း ဆိုင်ရာ သုတေသန လုပ်ငန်းများ အတွက် စိတ်ဝင်စား စရာကောင်းကြောင်း ဂျာနယ် တွင် ထောက်ပြထား သည်။

အိမ်နီးချင်း များ၊ မိတ်ဆွေ အပေါင်း အသင်းများ၊ မိသားစု ၀င်များ၊ လုပ်ဖော် ကိုင်ဖက်များ နှင့် ဘာသာရေး ဆိုင်ရာ ဆွေးနွေး သူများကြား သုတေသန ပြုမှု ရလဒ်များအရ ယခု ကဲ့သို့ အတည်ပြု နိုင်ခဲ့ခြင်း ဖြစ်သည်။ လူတစ်ဦး ၏ ပျော်ရွှင်မှု သည် အခြား သူထံသို့ လျင်မြန်စွာ ကူးစက်တတ် သည်ဆိုသော အချက် ဖြင့် လူမှု ဆက်ဆံရေး နယ်ပယ် အတွင်း ကောင်းကျိုး ချမ်းသာများ ရရှိနိုင် ရေးအတွက် အကောင်အထည် ဖော်ကြပါရန် ဂျာနယ် က တိုက်တွန်း နှိုးဆော် ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here