ဖင်လန်နိုင်ငံ လွတ်လပ်ရေး (၉၁) နှစ်ပြည့်

alt

ဒီ ဇင်ဘာလ (၆)ရက်နေ့သည် ဖင်လန်နိုင်ငံ၏ လွတ်လပ်ရေး နေ့ ဖြစ် သည်။ ထို နိုင်ငံသည် လွတ်လပ်သော အချုပ်အခြာ အာဏာ ပိုင်နိုင်ငံ အဖြစ် ကမာ္ဘ့အလယ် ထည်ထည် ၀ါ၀ါ ရပ်တည် နိုင်ခဲ့ သည်မှာ (၉၁) နှစ် တင်းတင်း ပြည့်ခဲ့လေပြီ။ တာရ်ကူ တွင် စစ်ရေးပြပွဲ အခမ်းအနား တစ်ခု ထည်ထည် ၀ါ၀ါ ကျင်းပ သွားမည်ဟု ဖင်လန်အစိုးက ကြိုတင် ကြေငြာ ထားသည်။

ဟယ်လ်ဆင်ကီးမြို့ နှင့်အတူ နိုင်ငံ တဝှမ်းတွင် ဖင်လန် နိုင်ငံတော် အလံများ တလူလူ လွင့်ပျံ နေမည် ဖြစ်ပြီး ဥရောပ ၏ အငြိမ်းချမ်း ဆုံး နိုင်ငံ တစ်ခုမှ နိုင်ငံသား များ သည် ၎င်းတို့ ၏ လွတ်လပ်ရေး နေ့ ပျော်ပွဲ ရွှင်ပွဲ အတွက် တက်ကြွ နေကြ သည်။  ဖင်လန် နိုင်ငံသည် ပထမ ကမာ္ဘစစ် အတွင်း စစ်ရှံုးမှု ကြောင့် ရုရှား အင်ပါယာ ၏ သိမ်းပိုက်မှု ကို ခံခဲ့ ရသည်။ သို့သော်လည်း ဖင်လန် ပြည်သား တို့သည် ရုရှားတို့ ၏ အစိုးမိုးခံ ဘဝမှ ရုန်းထွက် လွတ်မြောက် ခဲ့ကြ သည်။ (၁၉၁၇) ခုနှစ် ဒီဇင်ဘာလ (၆) ရက်နေ့က ဖင်လန် သည် လွတ်လပ် သော အချုပ်အခြာ အာဏာပိုင် နိုင်ငံ တစ်ခုဖြစ်သည် ဟု ဖင်လန်သမတ ပါးရ်အီဗင်ဆဗင်ဟဗတ် က ကြေငြာ နိုင် ခဲ့သည်။ ယခုတော့ (၉၁) နှစ် တိုင်ခဲ့လေပြီ။

ဖင်လန်နိုင်ငံ အစိုးရက ပြည်သူများ အနေနှင့် လွတ်လပ်ရေး အောင်ပွဲ အခမ်းအနား များ တွင် အလွန် အမင်း အပျော်လွန် မှုမျိုး မပြု လုပ်ကြရန် ပန်ကြား ထားသော် လည်း ဖင်လန် ပြည်သူများ အနေနှင့် ဆိုးဆိုး ရွားရွား ထိခိုက်မှု မျိုး ဖြစ်နိုင် သည်အထိ အပျော်လွန် ကြမည် မဟုတ်ကြောင်း ဆေးရုံများ နှင့် မီးသတ်ဌာန တို့က ပြောကြား ထားသည်။

ဖင်လန်နိုင်ငံ တော် သီချင်း နားဆင်လိုပါက

LEAVE A REPLY

Please enter your comment!
Please enter your name here