ဗြိတိန်နိုင်ငံမှ DNA Database အား ဖယ်ရှားရတော့မည်

alt

ဗြိ တိန်နိုင်ငံမှ DNA database သတ်မှတ်ထားမှုများအား ပယ်ဖျက်ပေးရန် တရားရုံးမှ အမိန့်ချမှတ်လိုက်သည်။ လူဦးရေ (၈၅၀၀၀) ကျော်၏ DNA များအား အမျိုးသား အချက်အလက် စုဆောင်း ရေးဌာနတွင် သိမ်းဆည်း ထားမှုသည် လူ့အခွင့်အရေး နှင့် မလျော်ညီ ကြောင်း တရားရုံးမှ ကြေငြာသွားသည်။

ဥရောပ ယူနီယံမှ သတ်မှတ်ထား သော လူ့အခွင့်အရေး ဆိုင်ရာ စည်းမျဉ်းများ တွင် အဆိုပါ အချက်အား ထည့်သွင်း ထားသည် ဟု သိရ သည်။ မှုခင်း  ဆိုင်ရာ ကြိုတင် ကာကွယ်မှု များ အတွက် အသုံးဝင် သည့်တိုင် လူ့အခွင့်အရေး အား ချိုးဖောက် နေသည့် လုပ်ရပ်အတွက် သဘော မတူ နိုင်ကြောင်း ဗြိတိန် တရားရုံး ကဆို သည်။

မူလ က လည်း ရဲဌာန က မှတ်တမ်း တင်ထား သော DNA (၄.၅) သန်းကျော် အား ပယ်ဖျက် ခဲ့ပြီး ဖြစ်သည်။ ယခု ပြဌာန်းချက် အား ချိုးဖောက်မှု မှန်သမျှ အတွက် တရား ဥပဒေဖြင့် အရေးယူ ခြင်း ခံရမည် ဟုလည်း တရားရုံး က အတည်ပြု အမိန့်ချ မှတ်သွား သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here