သန္ဓေအောင်စေရန် ကုသမှုခံယူသည့် အမျိုးသမီးများ စိတ်မကျေမနပ်ဖြစ်

alt

န္ဓေအောင်ခြင်းဆိုင်ရာ ကုသမှုများ ခံယူပြီးနောက် ကျန်ရှိ နေတတ်သည့် အခြေအနေများ အတွက် အမျိုးသမီးများ အနေနှင့် စိတ်မကျေမနပ် ဖြစ်တတ်ကြကြောင်း သိရှိ ရသည်။ ထိုသို့သော ကုထုံးများအား ကုသခံယူပြီးချိန်တွင် စိတ်အတွင်း ဇဝေဇဝါ ဖြစ်မှုနှင့်အတူ မကျေနပ်သော ခံစားချက်မျိုး ပေါ်ပေါက်တတ်ကြောင်း အမေရိကန်မှ အမျိုးသမီး အတော်များများက ၀န်ခံ ပြောဆို ကြသည်။

အထူးသဖြင့် အမျိုးသမီးများ က သူမ တို့၏ ဗီဇမျိုးဥများဖြင့် သမားရိုးကျ မဟုတ်သော သားအိမ် ကုထုံးများအား အသုံးပြုခဲ့မိသည်ဟု အထင်ရောက် လေ့ရှိကြောင်း သိရှိ ရသည်။ အမျိုးသမီး (၁၀၂၀)အား စစ်တမ်းကောက်ယူခဲ့ရာတွင် အများစုမှာ လက်ရှိ အသုံးပြုနေသည့် ကုထုံးစံချိန် စံညွှန်းများအပေါ် စိတ်ကျေနပ်မှု မရှိဟု သိရသည်။ ထို့ပြင် အေးခဲထားသော သန္ဓေအောင်ပြီး သားလောင်းများအား မိမိ်တို့သားအိမ်အတွင်း ထည့်သွင်း သန္ဓေဆောင်ခြင်း အား စိတ်သန့် လေ့မရှိဟု အမျိုးသမီးများ ကဆိုသည်။

ထို အခြေအနေ သည် သာမန် နည်းလမ်းများဖြင့် သန္ဓေ ရရှိရန် ခက်ခဲသော စုံတွဲများ၏ မျိုးဗီဇများ ကို ရယူပြီး ပြင်ပတွင် ပေါင်းစပ် သန္ဓေအောင် စေကာ ကိုယ်ဝန်ဆောင် စေသည့် နည်းစနစ် အတွက် အဓိက အကြပ်အတည်း ဖြစ်ကြောင်း ဆရာဝန်များ က ၀န်ခံခဲ့သည်။ အမေရိကန် နိုင်ငံတဝှမ်းတွင် အေးခဲထားသော သန္ဓေသားလောင်းများ လေးသိန်းမျှ ရှိနေပြီး ထို သန္ဓေသားလောင်းများအား သားအိမ်အတွင်း ထည့်သွင်းပြီး ကိုယ်ဝန်ဆောင်ကြရန် အမျိုးသမီးများ က စိတ်မဝင် စားကြဟု သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here