ပဲရစ်မြို့တော်ရှိ ရတနာဆိုင်တစ်ခု ဓားပြတိုက်ခံရ

alt

လက် နက်ကိုင် ဓားပြတစ်စုသည် ပြင်သစ်နိုင်ငံ ပဲရစ် မြို့တော် တွင်ရှိသော ရတနာ ဆိုင်တစ်ခု အား ၀င်ရောက် စီးနင်းပြီး ယူရိုငွေ သန်း(၈၀) မျှ တန်ကြေး ရှိသော စိန်များ ကို ရယူ သွားကြ ကြောင်း သိရ သည်။ ဒီဇင်ဘာလ (၄) ရက်နေ့က လက်နက်ကိုင် ဓားပြ (၄) ဦး သည် ဟယ်ရီ ၀င်စတန် ရတနာ ဆိုင် အား ၀င်ရောက်လာ ပြီး ယခုလို ရယူ သွားခြင်း ဖြစ်ကြောင်း သိရ သည်။

စုံထောက်များ က ထိုဓားပြများသည် အစီအစဉ် ကောင်းစွာ ချမှတ် ထားပြီး ဖြစ်ကြောင်း၊ ၎င်းတို့ အနက်မှ တစ်ဦး သည် ရတနာဆိုင် မှ အလုပ်သမားများ ၏ အမည်များ ကို သိထား သလို အဖိုးတန် ရတနာများ ၀ှက် ထားသော လျှို့ဝှက် နေရာများ ကို ပါ ကြိုတင် သိရှိနေကြောင်း ပြောဆို ခဲ့သည်။ ညနေပိုင်း တွင် ဖြစ်ပွား ခဲ့သည့် ဓားပြတိုက်မှု အတွင်း ဓားပြ နှစ်ဦးမှာ လုံခြံုရေးစနစ်ကို လှည့်စား နိုင်ရန် အမျိုးသမီ းအဖြစ် ဟန်ဆောင် လာကြ သည်ဟု ၀န်ထမ်းများ က ပြန်လည် ပြောကြား ခဲ့သည်။

ဓားပြများ သည် လက်နက်များ ကို ပြသပြီး အလုပ်သမား တစ်ဒါဇင် နှင့် ဈေးဝယ်သူများ ကို ဆိုင်ထောင့်တစ် နေရာတွင် စုရုံး ထားစေပြီး ရတနာများ ကို သယ်ယူ သွားသည်ဟု သိရှိ ရသည်။ ပြင်သစ် နိုင်ငံ သမိုင်း တလျှောက် အကြီးမားဆုံး သော ဓားပြမှုကြီးအတွက် ပြင်သစ် ထောက်လှမ်းရေး အဖွဲ့များမှာ အလွန် ဦးနှောက် ခြောက်နေကြပြီး အခြေအနေ ကို ဆက်လက် စုံစမ်းနေဆဲဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here