နာဆာ၏ မားစ်လေ့လာရေးခရီးစဉ် ရွှေ့ဆိုင်း

alt

နာ ဆာအဖွဲ့ကြီးက မားစ်ဂြိုဟ်သို့ ထောက်လှမ်း စေမည့် ခရီးစဉ် အား (၂၀၁၁) ခုနှစ်အထိ ရွှေ့ဆိုင်း ထားလိုက် သည်။ ဒီဇင်ဘာလ (၄) ရက်နေ့က အမေရိကန် ဒေါ်လာ သန်း(၄၀၀) ကုန်ကျမည့် အဆိုပါ အစီအစဉ် အား ရက်ရွှေ့ဆိုင်းကြောင်း နာဆာက ကြေငြာ သည်။ အားနည်းချက် (၁၀) ခုခန့်အား ရှာဖွေ တွေ့ရှိခဲ့ပြီး နောက် ယခု ဆုံးဖြတ်ချက် ကို ချမှတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရသည်။

နည်းပညာပိုင်း ဆိုင်ရာ ချွတ်ယွင်းချက် များ ကြီးကြီး မားမား တွေ့ရှိခဲ့ရပြီး ထို အခြေအနေ အား ပြင်ဆင် နိုင်ရေး အတွက် ဒေါ်လာ (၁.၆) ဘီလျံထိ တန်ဖိုး မြင့်တက် လာနိုင်ကြောင်း နာဆာ က ၀န်ခံ ခဲ့သည်။ အဓိက ဆိုးရွားနေသော အခြေအနေများ ကို မော်တာ နှင့် ဂီယာအုံ များ တွင် တွေ့ရှိခဲ့ပြီး မားစ်ဂြိုဟ် လေ့လာရေး ယာဉ်ငယ် အား ပြန်လည် လေ့လာရန် လိုအပ် လာပြီဟု နာဆာက ကောက်ချက် ချခဲ့ သည်။ စက်လက်တံများအား သဲများ ရယူရန် ထိန်းချုပ် နိုင်ရေးမှာလည်း စိတ် ကျေနပ် စရာ မရှိသေး ဟု ဆိုသည်။

ထိုအခြေအနေများသည် အလွယ်တကူ ပြင်ဆင် နိုင်ရန် မဖြစ်နိုင် ဟု သိရသည်။ ထို့ပြင် ဘက်ထရီ ဆဲလ်များ ကိုလည်း ယခု လက်ရှိ အခြေအနေ ထက် သက်တမ်း ရှည်ကြာ အောင် တီထွင် သွားမည် ဟု နာဆာ က အတည်ပြု သည်။ ဖီးနစ်ဂြိုဟ် ဆင်းယာဉ် အား အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ပြီးနောက် မားဂြိုဟ် လေ့လာရေး စီမံကိန်းများ အပေါ် နာဆာ အနေနှင့် ပိုမို အာရုံစိုက် လာပြီး မူလက ယခု ယာဉ်အား နောက်နှစ် အတွင်း လွှတ်တင် နိုင်ရန် ကြံစည် ထား သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here