ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ဇနီး ထိုင်နိုင်ငံသို့ ပြန်လည်ရောက်ရှိ

alt

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝတ်၏ ဇနီးဟောင်း ဖြစ်သူ ပိုဂျမား သည် ဒီဇင်ဘာလ (၅) ရက်နေ့ ညက ထိုင်း နိုင်ငံ သို့ ပြန်လည် ရောက်ရှိ လာကြောင်း သိရှိ ရသည်။ ပြည်ထဲရေး ၀န်ကြီး ဌာန ရဲတပ်ဖွဲ့က ဩဂုတ်လ အတွင်း အခွန်ရှောင်မှု အတွက် ထောင်ဒါဏ် (၃) နှစ် ချမှတ် ခံထား ရသူ ပိုဂျမား တစ်ယောက် ပြည်တော် ပြန်ရောက် လာကြောင်း အတည်ပြု ခဲ့သည်။

ဟောင်ကောင်မှ တဆင့် ထိုင်းနိုင်ငံ သို့ ထိုင်း လေကြောင်း ဖြင့် ပိုဂျမား ပြန်ရောက် လာသည်ဟု လူဝင်မှု ကြီးကြပ်ရေး ရဲဌာန မှ အကြီးအကဲ ရဲမှူးချုပ် ချတ်ချဝါဘ် ဆက်ဆွမ်ဂျတ် က ပြောကြား သွားသည်။ သို့သော်လည်း ပိုဂျမား အနေနှင့် လူထုရှေ့ ထွက်ပေါ်လာ မှု မျိုး ပြုလုပ် နိုင်ဖွယ် မရှိကြောင်း လည်း သိ ရသည်။ သတင်း အချို့က ပိုဂျမား သည် သူမ၏ သမီးငယ် ပေသွန်တန် ထံသို့ လာရောက်ခြင်း ဖြစ်သည် ဟု ဆို သည်။

အသက် (၅၁) နှစ်ရှိ ပိုဂျမား သည် ၀န်ကြီးချုပ်ဟောင်း သက်ဆင် နှင့် ပြီးခဲ့ သောလက မှ ကွာရှင်းခဲ့ ပြီးနောက် ၎င်းတို့ ၏ (၃၂) နှစ်ကြာ အိမ်ထောင်ရေး ကို အဆုံးသတ် လိုက်ပြီဟု ကြေငြာ ထား သည်။ ၎င်းတို့ နှင့် ရင်းနှီး သော အသိုင်း အဝိုင်း ကမူ ထို ကွာရှင်း မှုသည် စာရွက်ပေါ် တွင်သာ ရှိပြီး စီးပွားရေး ဆိုင်ရာ ဥပဒေ စွဲချက်များ မှ ရှောင်လွှဲ နိုင်ရန် စီစဉ် ခဲ့ခြင်း သာဖြစ်သည် ဟု ပြောဆို ထားကြ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here