ကမ္ဘာ့နိုင်ငံအသီးသီး မြန်မာစစ်အစိုးရအပေါ် အဆိုးမြင်မှု များလာနေဟု ဘန်ကီမွန်းပြော

alt

က မာ္ဘ့နိုင်ငံအသီးသီးမှ မြန်မာ စစ် အစိုးရ ၏ လုပ်ရပ်များ အပေါ် အဆိုးမြင်လာ မှုသည် တဖြည်းဖြည်း ကြီးထွား လာနေပြီး ထိန်းချုပ်ရန် ခက်ခဲ လာနေကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း က ပြောကြား သွားသည်။ တံခါးပိတ် ဆွေးနွေးမှု တစ်ရပ် ကျင်းပခဲ့ပြီး ကမာ္ဘ့ နိုင်ငံကြီး အချို့တို့ အနေနှင့် မြန်မာ စစ် အစိုးရ အား ငြိမ်းချမ်းစွာ ဖြင့် ဒီမိုကရေစီ ကူးပြောင်းလာ စေရန် ၀ိုင်းဝန်း ဆောင်ရွက်စေ ရေး ဖြောင့်ဖြ ခဲ့သော် လည်း မ အောင်မြင် ကြောင်း ဘန်ကီမွန်း က ၀န်ခံ ခဲ့သည်။

မြန်မာ့ မိတ်ဆွေများ အဖွဲ့ဟု ကြေငြာ ထားသည့် နိုင်ငံကြီး (၁၄) ခုတို့ အနေနှင့် မြန်မာ စစ် အစိုးရ ၏ လူ့အခွင့်အရေး ဖောက်ဖျက်နေမှုများ အား သည်းခံ လိုစိတ် ကုန်ဆုံး နေပြီ ဖြစ်ပြီး ပြတ်ပြတ် သားသား အရေးယူ ရန် စိတ်အား ထက်သန် နေကြ ကြောင်း၊ အခြေအနေ ကို ထိန်းသိမ်းနိုင် ရန် ခက်ခဲ နေကြောင်း ဘန်ကီမွန်း က ပြောကြား သွားသည်။ ထိုအခြေအနေ သည် မြန်မာ စစ် အစိုးရ ၏ မဟာမိတ် အင်အားကြီး နိုင်ငံများ ဖြစ်သည့် တရုတ်၊ ရုရှားတို့ နှင့် ထိပ်တိုက် တွေ့ဆုံ လာနိုင် ကြောင်း ဘန်ကီမွန်း က သုံးသပ် ခဲ့သည်။ ပြီးခဲ့ သော ရက်ပိုင်း အတွင်း ကလည်း ကမာ္ဘ့ နိုင်ငံ အသီးသီးမှ ခေါင်းဆောင်ဟောင်း (၁၁၂) ဦးတို့ စုပေါင်း လက်မှတ်ထိုး ထားပြီး မြန်မာ စစ် အစိုးရကို ကုလသမဂ္ဂ အနေနှင့် ပြတ်ပြတ် သားသား အရေးယူ သင့်ကြောင်း တိုက်တွန်း ထားသည့် စာတစ်စောင်ကို လည်း ဘန်ကီမွန်း က လက်ခံ ရရှိ ထား သည်။

အတိုက်အခံ နိုင်ငံရေး သမားများ ကို နှစ်ရှည် ထောင်ဒါဏ်များ ချမှတ် နေပြီး နောက် မြန်မာ နိုင်ငံ စစ် အစိုးရ အပေါ် နိုင်ငံတကာ မှ တင်းမာသော အမြင်များ ပေါ်ပေါက်လာ နေကြောင်း ဘန်ကီမွန်း က သုံးသပ် ပြခဲ့သည်။ မြန်မာ စစ် အစိုးရ သည် မြန်မာ နိုင်ငံ ၏ အချုပ်အခြာ အာဏာ ကို ပိုင်ဆိုင် ထားသည့် အတွက် ၎င်းတို့ အား လေးစားမှု ရှိရမည် ဖြစ်သော်လည်း ယခု အခြေအနေ အရ မည်သို့ ဖြစ်လာမည် ကို ယတိပြတ် မပြောနိုင်ဟု လည်း ဘန်ကီမွန်း က ပြောဆို သွားသည်။ မြန်မာ စစ် အစိုးရ သည် (၂၀၀၇) ခုနှစ်၊ စက်တင်ဘာလ အတွင်း ဖြစ်ပွားခဲ့ သည့် ရဟန်းတော် များ ဆန္ဒပြ သည့် အရေးအခင်းများ နောက်ပိုင်း နိုင်ငံရေး အကျဉ်းသား (၂၁၀၀) ကျော်အထိ နှစ်ရှည် ထောင်ဒါဏ်များ မတရား ချမှတ်ခဲ့ ကြောင်း လည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here