Sky က Satellite မရှိဘဲ ကြည့်ရှု နိုင်မည့် TV Package ထုတ်လွှင့်

alt

S ky မှ Satellite မလိုဘဲ ကြည့်ရှု နိုင်မည့် Online TV Package တစ်ခုအား စတင် ထုတ်လွှင့် လိုက်ပြီ ဖြစ်သည်။ Disney ၊ MTV၊ National Geographic နှင့် Sky Sports တို့ပါ၀င်သော အဆိုပါ Online TV Package ကို ဒီဇင်ဘာလ (၄) ရက်နေ့က စတင်လွှင့်ထုတ်ခဲ့ပြီး အင်္ဂလန်နှင့် အိုင်ယာလန် နိုင်ငံများ သည် PC တစ်လုံး (သို့မဟုတ်) Mac ကွန်ပျူတာ တစ်လုံးမျှ ရှိနေရုံ ဖြင့် အဆိုပါ အစီအစဉ်များအား အင်တာနက် မှ တဆင့် ကြည့်ရှု နိုင်မည် ဖြစ်သည်။

ဗြိတိန်Online ဖျော်ဖြေရေး ၏ ကဏ္ဍသစ် တစ်ခုသဖွယ် ဖြစ်လာခဲ့သော Sky ၏ အစီအစဉ်အရ Channel အတော်များများကို Free ပေးထားပြီး အချို့ကိုမူ ငွေပေးသွင်း ကြည့်ရှု ရမည် ဖြစ်သည်။ နောက်ထပ် အားကစားနှင့် ဖျော်ဖြေရေး Channel များ ထပ်မံကြည့်ရှုလိုပါက Sky အသုံးပြုသူများအနေနှင့် ပေါင်စတာလင် (၁၅) မှ (၃၄) အထိ ငွေသွင်းရမည်ဖြစ်သည်။

ထို့အပြင် Sky ဖောက်သည် မဟုတ် သူများ သည်လည်း သက်ဆိုင်ရာ ကုမ္ပဏီများ သို့ ငွေသွင်း ကြည့်ရှု ရမည်ဖြစ်သည်။ Satellite မလိုဘဲ Online မှ တဆင့် ရုပ်မြင် သံကြား ပြသမည့် စနစ်အား Sky ကိုပိုင်ဆိုင် သော BSkyB မှ အကောင်အထည် ဖော်ခဲ့ပြီး Eurosport၊ Sky News စသည့် အစီအစဉ် သစ်များ ဖြည့်သွင်း သွားမည် ဟု သတင်း ရရှိ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here