သွေတိုး ရောဂါ အတွက် အစွမ်း ပိုထက်သည့် ဆေးဝါး

alt

မေရိကန်၊ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်နှင့် ဖင်လန် နိုင်ငံများ မှ သွေးတိုး ရောဂါ ခံစား ခဲ့ရသည့် လူနာပေါင်း (၁၁၀၀၀) ကျော်အား bebzepril နှင့် amlodipine များ ရောစပ် ပါ၀င်သည့် ဆေးလုံးများ တိုက်ကျွေး ခြင်းဖြင့် အခြားသော ကုသ နည်းများ ထက် အစွမ်းထက် သည်ကို တွေ့ရှိ ခဲ့ရကြောင်း ဆရာဝန် များ က ပြောဆို ခဲ့သည်။

ထို ဆေးများ အား အသုံးပြု ခြင်းဖြင့် လူနာ အားလုံး၏ (၇၅) ရာခိုင်နှုန်း ကျော်မှာ သွေးတိုးမှု မှ သိသာ ထင်ရှားစွာ သက်သာရာ ရခဲ့ကြောင်း သိရှိ ရသည်။ အဆိုပါ ဆေးများ သည် နှလုံးသွေးကြော များ ၏ အခြေအနေ ကိုလည်း ထိန်းညှိ ပေးနိုင် သည်ဟု ဆရာဝန်များ က ထောက်ခံ ကြသည်။

သွေးပေါင်ချိန် ပြန်လည် ကျဆင်းရေး အတွက် ဇီဝဆိုင်ရာ နှင့် ရူပဗေဒ ဆိုင်ရာ ကုထုံးများ အများအပြား ရှိသော်လည်း bebzepril နှင့် amlodipine သို့မဟုတ် hydrichloro-thiazide တို့အား သတ်မှတ် အချိုးအစား အတိုင်း တိုက်ကျွေးမှုသည် ဘေးထွက်ဆိုးကျိုး နည်းပါးပြီး နှလုံးအတွက် ပိုမိုကောင်းမွန်ကြောင်း၊ ထို့ပြင် ဝေဒနာရှင်အတွက် အကျိုးဖြစ်ထွန်းမှု ပိုမို များပြားနိုင်ကြောင်း ဒီဇင်ဘာလ (၄) ရက်နေ့ထုတ် New England Journal of Medicine တွင် ရေးသားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here