လူ့ပတ်ဝန်းကျင်ဆူညံသံများကြောင့် ရေနေ သတ္တဝါများ ထိခိုက်

alt

က မာ္ဘ့သားရိုင်း တိရစာ္ဆန်များ ထိန်းသိမ်း စောင့်ရှောက်ရေး ကျွမ်းကျင်သူ များက ကမာ္ဘ တလွှား ပင်လယ် သမုဒ္ဒရာ မျာ းအတွင်း ရှင်သန် နေထိုင် ကြသော သဘာဝ သားရိုင်းများ သည် လူ့ပတ်ဝန်းကျင်နှင့် ဆက်ဆိုင် သော ဆူညံသံများ ကြောင့် အကြပ် အတည်း တွေ့နေကြောင်း ပြောကြား ခဲ့ကြ သည်။

ဝေလငါးများ၊ လင်းပိုင်များနှင့် လိပ်များ ကဲ့သို့သော ရေနေ သတ္တဝါများ သည် လူများ အသုံးပြုသော ကိရိယာများ မှ ထွက်ပေါ် လာသော ဆူညံသံများ ၏ ခြိမ်းခြောက်မှု ကို ဆိုးဆိုး ရွားရွား ထိခိုက် ခံစား နေရ သည်ဟု ဆိုသည်။ သင်္ဘော အင်ဂျင်စက်သံ၊ ဂက်စ် နှင့် ရေနံကုမ္ပဏီများ ၏ ပင်လယ် အတွင်း လှုပ်ရှားမှုများ၊ ရေတပ် ဆိုင်ရာ ရေဒါလှိုင်းမျာ းမှ ထှုတ်လွှင့် သည့် အသံများ စသည့် လူဖန်တီး သော ဆူညံသံများ သည် ထို သားရိုင်း တိရစာ္ဆန်များ အတွက် အစာ ရှာရန်၊ မိတ်ဆက် ရှာဖွေရန် အစရှိသော သဘာဝ အလေ့အထ များအတွက် များစွာ ထိခိုက် စေကြောင်း သိရှိ ရသည်။

ရေနက်ပိုင်း တွင် နေထိုင်သော ဝေလများ အထိ လူဖန်တီးသော ဆူညံသံများအား ခံစား ရတတ်ကြောင်း သက်သေများ စွာ ရှိနေပြီ ဟု သဘာဝဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ သိပ္ပံပညာ ရှင် မက်ခ်ဆီမွန် ကဆို သည်။ ၎င်းသည် ရောမမြို့ ရှိ လင်းပိုင် နှင့် ဝေလငါးများ စောင့်ရှောက်ရေး အဖွဲ့မှ ပညာရှင် တစ်ဦးလည်း ဖြစ်သည်။ ဆိုင်မွန် က လူများ ဖန်တီး နေသည့် ဆူညံသံများ ကြောင့် ရေနေ သတ္တဝါများ မျိုးသုဉ်း သည်အထိ အန္တရာယ် ကြီးမား လာနိုင်ကြောင်း ရောမမြို့ တွင် ဒီဇင်ဘာလ (၁) ရက်နေ့မှ (၅) ရက်နေ့ထိ ကျင်းပ ပြုလုပ်ခဲ့သော အပြည်ပြည် ဆိုင်ရာ ရှားပါးမျိုး စိတ်သတ္တဝါများ ထိန်းသိမ်းရေး ညီလာခံ တွင် ထည့်သွင်း ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here