လက်ဆွဲ နှုတ်ဆက်ခြင်းသည် မိမိလက်ကို လှုပ်ရမ်းခြင်း သာ ဖြစ်ဟု ဆို

alt

ဆွီ ဒင်နိုင်ငံမှ အာရုံကြော ဆိုင်ရာ ဆေးသိပ္ပံ ပညာရှင်များက လက်ဆွဲ နှုတ်ဆက် သော အလေ့အကျင့် တွင် လူတစ်ဦး သည် အခြားသူ တစ်ဦး ၏ လက်ကို ဆုပ်ကိုင် လှုပ်ယမ်း နေခြင်း မဟုတ်ဘဲ ကိုယ့်လက် ကို ကိုယ် လှုပ်ရမ်း နေခြင်း မျှ သာဖြစ်ကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။

စမ်းသပ်မှု အတော်များများ အနက် မှ တစ်ခု အရ ရူပဗေဒ ဆိုင်ရာ လှုပ်ရှားမှု အား အသေးစိတ် လေ့လာမှု များ ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။ အာရုံခံ စနစ်ပေါင်း များစွာ သည် လူနှစ်ဦး လက်ချင်း ဆုပ်ကိုင် လိုက်သည် နှင့် လက်များ ကို လှုပ်ခါ စေကြောင်း၊ သို့သော်လည်း လက်များ ၏ လှုပ်ရှားမှုသည် အခြားသူ ၏ လက်အား လှုပ်ခါ စေရန် အဓိက မရည်ရွယ်ဘဲ ကိုယ်တိုင် လှုပ်ရှားနေခြင်း မျှ သာ ဖြစ်ကြောင်း ဆရာဝန်များ ကဆိုသည်။

ကင်မရာ ရှုထောင့်များ ဖြင့် စမ်းသပ်မှုများ ၏ ဖော်ပြမှု အရ လူသားများ သည် လက်ဆွဲ နှုတ်ဆက်ခြင်း အလေ့အထ အတွက် မိမိ်လက်ကိုသာ ရွေ့လျားအောင် ပြုမူ နေခြင်းအား သိရှိ ခဲ့ရ သဖြင့် အံ့ဩ မိကြောင်း ပညာရှင်များ က ၀န်ခံ ခဲ့သည်။ ယခု စမ်းသပ်မှု ကို စက်ရုပ် လက်ဆိုင်ရာ နည်းပညာများ အတွက် စူးစမ်းရင်း နှင့် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here