ဘီလ်ဂျနာ ပလက်ဗ်ဆင်မ် ၏ အသနားခံမှု ပယ်ချခံရ

alt

ဆွီ ဒင် နိုင်ငံ တရားစီရင် ရေး ၀န်ကြီး ဌာန က ဘီလ်ဂျနာ ပလက်ဗ်ဆင်မ် ၏ ဒုတိယအကြိမ် အသနား ခံမှု အား ပယ်ချ လိုက်သည်။ သူမ သည် ယခင်ဘော့စနီးယား ဆာ့ဘ်လူမျိုးများ ၏ ခေါင်းဆောင် ဖြစ်ပြီး စစ် ရာဇဝတ် ကောင် အဖြစ် ထောင်ဒါဏ် (၁၁) နှစ် ချမှတ် ခံထား ရသည်။

ဘော်လ်ကန် စစ်ပွဲများ အတွင်း သံမဏိ အမျိုးသမီး ဟု နာမည်ကျော် ခဲ့သော ပလက်ဗ်ဆင်မ် သည် ဆွီဒင် အစိုးရ ၏ လက်ခံ ထားမှု အရ ယူဂို ဆလားဗီးယား မှ ဆွီဒင်နိုင်ငံ ဟင်ဆီဘက် အကျဉ်းထောင် သို့ (၂၀၀၃) ခုနှစ် ဇွန်လ အတွင်းက ပြစ်ဒါဏ် ပြောင်းရွှေ့ ကျခံ နေရ သူ ဖြစ်သည်။

အသက် (၇၈) နှစ် ရှိနေပြီ ဖြစ်သော ပလက်ဗ်ဆင်မ် မှာ (၁၉၉၂) မှ (၁၉၉၅) ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများ အတွင်း လူတစ်သောင်း ခန့် သေဆုံးခဲ့ရခြင်းအတွက် အဓိက တာဝန်ရှိသူ တစ်ဦးဟု စွပ်စွဲပြီး ထောင်ဒါဏ် စီရင် ခဲ့ကြ သည်။ သူမ အနေ နှင့် အသက်အရွယ် ကြီးရင့် လာမှု ကို အကြောင်းပြပြီး ပြစ်ဒါဏ်မှ လွတ်ငြိမ်းခွင့် ပေးရန် တောင်းဆို ခဲ့သော်လည်း ဆွီဒင် နိုင်ငံ တရား စီရင်ရေး ဆိုင်ရာ ၀န်ကြီးဌာန က ပယ်ချ လိုက်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here