ဘရစ်တနီနှင့် ကွာရှင်း ခဲ့ရခြင်းအကြောင်း ကီဗင်ဖီဒါလိုင်း ပြောကြား

alt

ရစ်တနီစပီးယား ၏ ခင်ပွန်း ဟောင်းဖြစ်သူ ကီဗင်ဖီဒါလိုင်း က ၎င်း နှင့် ဘရစ်တနီ တို့ ၏ နှစ်နှစ် တာ အိမ်ထောင်ရေး ပျက်သုဉ်းခဲ့ ရသည့် အကြောင်းရင်း အား ပြောကြား ခဲ့သည်။၎င်းသည် သားနှစ်ဦး အတွက်သား အာရုံစိုက်နေမိပြီး ဘရစ်တနီ အတွက် အချိန် သိပ်မပေး နိုင်ခဲ့ကြောင်း၊ သူမ အနေ နှင့် ၎င်း၏ နောက်ကွယ် တွင် ကွာရှင်း ပြတ်စဲ ရေးအတွက် အာရုံစိုက် လုံးပမ်း နေသည်ကို လည်း မသိခဲ့ကြောင်း ဖီဒါလိုင်း ကဆိုသည်။

သို့သော်လည်း ကွာရှင်းချိန် တွင် သားငယ် နှစ်ဦး အား အုပ်ထိန်း ခွင့်ရရှိ ရန် ၎င်း အနေ နှင့် အသည်းအသန် ကြိုးပမ်း ခဲ့ကြောင်း ဖီဒါလိုင်းက People မဂ္ဂဇင်း နှင့် အင်တာဗျူး တွင် ပြောကြား ခဲ့သည်။ Dancer တစ်ဦးဖြစ်သူ ဖီဒါလိုင်း သည် အင်တာဗျူးများ ကို ငြင်းပယ် လေ့ရှိသော်လည်း ယခုအခါ ၎င်း နှင့်ဘရစ်တနီ တို့၏ အိမ်ထောင်ရေး ဘဝကို တစိတ်တပိုင်းမျှ ပြောကြား သွားသည်။

အသက်(၃၀) ရှိပြီ ဖြစ်သော ဖီဒါလိုင်းသည် (၂၀၀၄) ခုနှစ်က ဘရစ်တနီ နှင့် လက်ထပ် ခဲ့သည်။ ဖီဒါလိုင်း က သားငယ် နှစ်ဦး အား ဘရစ်တနီ အနေနှင့် အချိန်မရွေး လာရောက် တွေ့ဆုံနိုင်ရန် ခွင့်ပြု ထားပြီး ထိုကိစ္စ နှင့် ပတ်သတ် ၍ ဖီဒါလိုင်း က ပြောဆို ခဲ့ရာ ဘရစ်တနီ သည် ကလေးများ ၏ မိခင်သာ ဖြစ်ကြောင်း ၎င်းအနေ နှင့် ထို အနေအထား အတွက် မ တားမြစ် လိုကြောင်း ပြောဆို သွား သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here