ထိုင်း ဘုရင်မင်းမြတ် ကျန်းမာရေး အခြေအနေကြောင့် မိန့်ခွန်း မပြောနိုင်

alt

ထိုင်း ဘုရင် မင်းမြတ် သည် ကျန်းမာရေး အခြေအနေ ကြောင့် ဒီဇင်ဘာလ (၅) ရက်နေ့တွင် ကျရောက်မည့် မွေးနေ့ပွဲ အတွက် မိန့်ခွန်း ပြောကြား နိုင်မည် မဟုတ်ကြောင်း ထိုင်း နန်းတော် က ဒီဇင်ဘာလ (၄)ရက်နေ့က ကြိုတင် ကြေငြာ ခဲ့သည်။

ပြီးခဲ့သော ရက်ပိုင်း များအတွင်း ဖြစ်ပျက် ခဲ့သည့် ထိုင်း ဆန္ဒပြမှု များ အတွက် ဘုရင် မင်းမြတ် ဘူလီဘို အဒူလိုင်ဒက် ၏ သုံးသပ်ချက် မိန့်ခွန်း ကို ထိုင်း ပြည်သူများ က စောင့်မျှော် နေခဲ့ သော်လည်း ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား က ဘုရင်ကြီး ၏ ကျန်းမာရေး အခြေအနေ ကြောင့် မိန့်ခွန်း ပေးပို့ နိုင်မည် မဟုတ်ကြောင်း၊ ဘုရင် မင်းမြတ် အနေ နှင့် ထိုင်းပြည် သူများ အတွက် ဆုမွန်ကောင်း တောင်းပေး ပါကြောင်းသာ ပြောဆို သွားသည်။

ထိုင်း ဘုရင်မင်းမြတ် သည် အစဉ်အလာ အားဖြင့် မွေးနေ့ အခမ်းအနား တွင် မိန့်ခွန်း ပြောလေ့ ရှိသော်လည်း ယခု သက်တော် (၈၁) နှစ်ပြည့် မွေးနေ့ အခမ်းအနား တွင် မူ အဆိုပါအခြေအနေအား ရွှေ့ဆိုင်းခဲ့သည်။ ထိုင်း ပြည်သူများ ၏ မြတ်နိုး ချစ်ခင်မှုကို ခံယူတော် မူရသည့် ကမာ္ဘ့ နန်းသက် အရှည်ဆုံး ဘုရင်ကြီး သည် (၁၉၄၆) ခုနှစ်ကတည်း က ထိုင်း နိုင်ငံ ထီးနန်းကို စိုးစံ ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here