ဆွီဒင်နိုင်ငံတွင် ပြည်ဝင်ခွင့်ဆိုင်ရာ ဥပဒေသစ် အတည်ပြု

alt

ဆွီ ဒင် အစိုးရ သည် ပြည်ပ မှ လာရောက် အလုပ်လုပ် သူများ ပြည်ဝင်ခွင့် ဆိုင်ရာ ဥပဒေ သစ် ကို အတည်ပြု ပြဌာန်း လိုက်ပြီ ဖြစ်သည်။ ဒီဇင်ဘာ (၁၅) ရက်နေ့ တွင် အသက်ဝင်လာမည့် ဥပဒေ သစ် အရ နိုင်ငံခြား အလုပ်သမားများ သည် ဆွီဒင် ပြည်သူ့ အလုပ်သမား ၀န်ဆောင်မှု အဖွဲ့တွင် သွားရောက် မှတ်ပုံတင် ရမည် ဖြစ်သည်။

ယခု ဥပဒေသစ်ကြောင့် နိုင်ငံ၏ လုပ်သားအင်အားကို ထင်ရှားစွာ သိမြင်နိုင်သည့် အကျိုးကျေးဇူး ရလာမည်ဟု အလုပ်သမား ၀န်ကြီး ဌာနက ပြောကြား သွားသည်။ သို့သော် လည်း ယခု ဥပဒေ သစ်ကြောင့် နိုင်ငံခြား အလုပ်သမား များ အပေါ် ပိတ်ဆို့မှု များ၊ ခေါင်းပုံ ဖြတ်မှုများ ဖြစ်လာ နိုင်ကြောင်း အချို့ကလည်း စိုးရိမ် နေကြ သည်။ ဆွီဒင် ပါလီမန်က ယခု ဥပဒေသစ် အား အတည်ပြု ကြောင်း ဒီဇင်ဘာလ (၃) ရက်နေ့က တရားဝင် ကြေငြာ ခဲ့သည်။

ယခုစည်းမျဉ်းသစ်အရ ပြည်ပ မှ အလုပ် လာလုပ်သူများ သည် Work Permit (၄) နှစ်အထိ ခံစား ခွင့်ရှိမည် ဖြစ်ပြီး နောက်ပိုင်းတွင်မူ သတ်မှတ် စံ ချိန်စံညွှန်း များ ပြည့်စုံ ပါက ဌာနေ အလုပ်သမား အဖြစ် သတ်မှတ် ခံ ရမည် ဖြစ်ပြီး ဇာတိ နိုင်ငံတွင် ကျန်နေ ခဲ့သော မိသားစု ၀င်များ အား ခေါ်ယူ နိုင်ရန် ခွင့်ပြုသွားမည် ဟု သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here