ဆန့်ကျင်ဘက်လိင် ၏ အသက်အပိုင်း အခြားအပေါ် တောင့်တမှု ရလာဒ်

alt

ဆွီ ဒင် ပညာရှင် များက လူတို့ ၏ ရွေးချယ်မှု အရ အသက်ကြီးသော အမျိုးသားများ သည် ငယ်ရွယ် သည့် မိန်းကလေး များကို နှစ်သက် ကြပြီး အမျိုးသမီး များ ကလည်း ၎င်း တို့ ထက် အသက်ကြီးသည့် ယောက်ျားများ အား ပိုမို နှစ်သက် တတ်ကြ ကြောင်း ပြောကြား ခဲ့ကြ သည်။

 

ရယ်တယ်ဘိုဂ့်ရီ တက္ကသိုလ် မှ ဂျော်ဂန်ဂျွန်ဆန် က Online Dating ၀က်ဘ်ဆိုက် များ နှင့် ပုဂ္ဂိုလ်ရေး သုတေသန ပြုမှု များ ဆောင်ရွက်ခဲ့ ပြီး ယခုလို အတည်ပြု နိုင်ခဲ့ခြင်း ဟု ကြေငြာ ခဲ့သည်။ ဆန့်ကျင်ဘက် လိင် ၏ အသက်အပိုင်း အခြား အပေါ် တောင့်တမှုများ အား စနစ်တကျ မှတ်တမ်း ပြုစုခဲ့ပြီး ယခု ရလဒ်အား အတည်ပြု နိုင်ခဲ့ကြောင်း ဂျွန်ဆန် နှင့် အဖွဲ့ က ဆိုသည်။ ယခု တွေ့ရှိမှု သည် လူမှု ဆက်ဆံရေး ဆိုင်ရာ စိတ် အခြေအနေ အတွက် အရေးပါသော အခန်းကဏ္ဍ တွင် ပါ၀င် နေကြောင်း ဂျွန်ဆန်က ပြောဆို ခဲ့သည်။

အမျိုးသမီးများ သည် အားကိုး လိုခြင်း ဆိုသည်ထက် ပိုမိုသော အကြောင်း အချက်များ ဖြင့် အသက်ကြီးသော ယောက်ျားများ ကို သဘောကျ တတ်ပြီး အမျိုးသားများ ကလည်း ရာခိုင် နှုန်းအား ဖြင့် သိသာ ထင်ရှားစွာ ပင် ရွွယ်တူ နှင့် အသက်ကြီးသော မိန်းကလေးများထက် ငယ်ရွယ်သည့် အမျိုးသမီးလေး များ ကိုသာ အာရုံကျ တတ်ကြောင်း ဂျွန်ဆန်က ရှင်းပြသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here