ကနေဒါ ဝန်ကြီးချုပ်က ပါလီမန် ကို ဖျက်သိမ်း

alt

က နေဒါနိုင်ငံ ၀န်ကြီးချုပ် စတီဖန်ဟာပါးသည် ၎င်း၏အာဏာကို ပိုမိုထိရောက်စွာ အသုံးချနိုင်ရေးဆိုသော အကြောင်းပြ ချက်ဖြင့် ပါလီမန် ကို ဒီဇင်ဘာလ (၄) ရက်နေ့က ဖျက်သိမ်း လိုက်သည်။

လွန်ခဲ့သော နှစ်လ ခန့်က ရွေးကောက်ပွဲများ ပြန်လည် ကျင်းပရန် တောင်းဆိုခဲ့မှုများအား ငြင်းဆန် နိုင်ခဲ့သည့်နောက် ပါလီမန်မှ နောက်နှစ် ဇန်နဝါရီ လ (၂၆) ရက်နေ့ တွင် ပြန်လည် ကျင်းပရန် စီစဉ် နေသည့် ရွေးကောက်ပွဲတွင်မူ ရှုံးနိမ့် နိုင်ကြောင်း သတင်းများ ထွက်ပေါ် နေသည့် ဟာပါး မှာ ပါလီမန် တစ်ခုလုံး အား မထင်မှတ် ဘဲ ဖျက်သိမ်းလိုက် ခြင်းဖြစ်သည်။

ယခု ဆုံးဖြတ်ချက်သည် အစိုးရ အဖွဲ့အတွင်း ပိုမို စည်းလုံး စေမည်ဟု ဟာပါး က အကြောင်း ပြသည်။ အင်္ဂလန်နိုင်ငံ ဒုတိယမြောက် အဲလိစဘတ် ဘုရင်မကြီးက ပြည်နယ်ဆိုင်ရာ ခေါင်းဆောင် တစ်ဦး အဖြစ် ခန့်အပ်ထားသော အစိုးရ အရာရှိ အကြီးအမှူး မစ်ချယ်လ်ဂျင်းက ၀န်ကြီးချုပ်အနေနှင့် ရာထူး မှ နှုတ်ထွက်လျင် ထွက်၊ တနင်္လာနေ့ တွင် ပြုလုပ်မည့် အယုံအကြည် မရှိ အဆို တင်သွင်းမှု၏ သေချာ နေသော အရှုံးရလဒ်ကို မျက်နှာချင်း ဆိုင်လျင်ဆိုင် ဟူသည့် လမ်းနှစ်သွယ် အနက် တစ်လမ်းကို ရွေးရမည် ဟု ပြောကြား ခဲ့ သည့်နောက် တွင် ၀န်ကြီးချုပ် က ပါလီမန်ကို ဖျက်သိမ်း ခဲ့သည်၊ ဟာပါး က ယခု ၎င်း၏ ဆုံးဖြတ် ချက်အတွက် အသေးစိတ် ပြောဆို ခြင်း မရှိပေ။ အတိုက်အခံ ပါတီ(၃) ခု ပူးပေါင်း ပြီး ပါလီမန် တွင် ဟာပါး အား ဖြုတ်ချ နိုင်ရေး ကြံစည် လာရာ မှ ဟာပါးက လက်ဦးမှု ယူသွား ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here