နေဘုန်းလတ် နဲ့ ဇာဂနာ RSF ဘလောက်ဂါဆု ပူးတွဲရ

PMV.net

ပြင် သစ် နိုင်ငံ အခြေစိုက် နယ်စီးမခြား သတင်းထောက်များအဖွဲ့ အခေါ် RSF က ၂၀၀၈ ခုနှစ်အတွက် ၁၇ ကြိမ်မြောက် ကွန်ပြူတာ အင်တာနက် အသုံးပြုပြီး လူ့အခွင့်အရေး လှုပ်ရှားသူ Cyber-dissident ဘလောက်ဂါ ဆုကို မြန်မာ ဘလောက်ဂါ နှစ်ဦးဖြစ်တဲ့ ဟာသပညာရှင် ကိုဇာဂနာ နဲ့ ကိုနေဖုန်းလတ်တို့ကို ပူးတွဲ ချီးမြှင့် လိုက် ပါတယ်။

၂၀၀၇ စက်တင်ဘာ သံဃာတော်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုနဲ့ နာဂစ် ဆိုင်ကလုံး ဒါဏ်ခံခဲ့ရတဲ့ အခြေအနေမှာ သူတို့နှစ်ဦးရဲ့ လှုပ်ရှား ကြိုးစားခဲ့ မှု တွေကြောင့် ဆုရွေးချယ်ရေး အဖွဲ့က တခဲနက် ရွေးချယ်ခဲ့တာလို့ နယ်စီးမခြား သတင်းထောက်များအဖွဲ့ ကြေငြာချက် မှာ ပါရှိ ပါတယ်။ ၁၇ ကြိမ်မြောက် အတွက် RSF က ဆု ၃ မျိုး ပေးခဲ့တဲ့ အထဲမှာ Cyber-dissident ခေါ် ဘလောက်ဂါဆု အတွက် သတင်း လွတ်လပ်ခွင့်တွေ ပိတ်ပင် ထားတဲ့ကြားက သတင်း လွတ်လပ်ခွင့်အတွက် ထူးထူးခြားခြား ကြိုးပမ်း ဆောင်ရွက်ခဲ့သူ အမည် ၁၀ ဦး ကို အမည်စာရင်း တင်သွင်းခဲ့ ခြင်းဖြစ် ပါတယ်။

ကမ္ဘာတဝန်းက နာမည်ကျော် သတင်းနဲ့ စာနယ်ဇင်း အဖွဲ့တွေက သတင်းထောက် ၄၀ ကျော်ကနေ ဒီ ၁၀ ဦးထဲမှာ အထူးချွန် ဆုံးဖြစ်တဲ့ ကိုဇာဂနာ နဲ့ ကိုနေဖုန်းလတ် တို့ကို တခဲနက် ရွေးချယ်ခဲ့ တယ်လို့လည်း RSF မှ တာဝန်ခံ တဦးဖြစ်သူ မစ္စတာ ဘရောဆဲလ် က ပြောဆိုခဲ့ပါတယ်။ အီရန် နိုင်ငံသူ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ရှရင်း အေဘာတီ က ဆုကို ပေးအပ် ခဲ့ပြီး Cyber-dissident ဘလောက်ဂါ ဆုအတွက် အနုပညာရှင် ကိုထိန်းလင်း က ဆုကို ကိုယ်စား လက်ခံရယူခဲ့ပြီး၊ ကိုဇာဂနာရဲ့ ဇနီး ကလည်း အွန်လိုင်း ဗွီဒီယို ဆွေးနွေးခြင်း စနစ် နဲ့ တိုက်ရိုက် ဆက်သွယ် ပါဝင် တတ်ရောက် ခဲ့ပါတယ် လို့ ဆုပေးပွဲကို တတ်ရောက် နေသူသူတွေက ပြောဆို ခဲ့ ပါတယ်။

အခုလို ဆုရရှိ တဲ့ Cyber-dissident ဆုရှင် နှစ်ဦး ဟာ ရန်ကုန် မြို့ ရဲ့ ဝေးရာ နယ် အကျဉ်းထောင် များ ရှိရာ ဒေသ တွေ ဆီ ကို အပို့ခံ ထားရတာကြောင့် သိရှိ ခြင်း မသိသေးဘူး လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here