Windows 7 တွင် Service Packများ လိုအပ်တော့မည် မဟုတ်

သတင်းထောက်ကူပြု ပြ ဓါတ်ပုံ (ဓာတ်ပုံ - ဂိုလ်ဂယ် ဓါတ်ပုံ ပြခန်း မှ)

 

M icrosoft က ၎င်းတို့ထုတ်ဝေမည့် Windows 7 အတွက် Service Pack များ မလိုအပ်အောင် ဆောင်ရွက် ထားသည်ဟု ကြေငြာ ခဲ့သည်။ Vista နှင့် XP တို့တွင် လုံခြံုရေးဆိုင်ရာ အားနည်းချက် များကြောင့် Service Pack အသစ်များ ဖြန့်ဝေ ပေးခဲ့ ရသလို Microsoftမှာလည်း ဝေဖန်မှုများနှင့် ကြံုတွေ့ ခဲ့ရ သည်။

Windows 7 တွင်မူ အဆိုပါ ချွတ်ယွင်းချက်မျိုးများ လုံးဝမဖြစ်စေရန် ပြင်ဆင်သွားမည်ဟု Windows ဆိုင်ရာ အကြီးတန်း ဒုတိယဥက္ကဌ ဘီလ်ဗက်ဂ်တီက ပြောကြားခဲ့သည်။ Windows 7 ၏ ရပ်တည်မှု သည် စင်းလုံးချော ကောင်းမွန် နေစေရေး အလေးထား ဆောင်ရွက်နေ ကြောင်း Microsoft က ကြေငြာသည်။ လက်ရှိ အချိန်တွင် Beta Version အဖြစ် ထုတ်ဝေ ထားပြီး လိုအပ်မှုများကို စောင့်ကြည့် နေသလို နောက်ထပ် ကောင်းမွန်သော အစီအစဉ်များ ဖြည့်သွင်း သွားရန် စီစဉ် ထားကြောင်း ဗက်ဂ်တီ က ဆိုသည်။

Windows 7 တွင် ဆွဲဆောင်မှုရှိသော၊ အရည်အသွေးကောင်းမွန်သော ဖြည့်စွက်မှု များစွာ ပြုလုပ်ထား ခြင်းဖြင့် Service Pack များ ထုတ်ပေးခြင်းထက် အကျိုးသက်ရောက်မှု ရှိနိုင်မည် ဖြစ်ကြောင်း Microsoft က ကြေငြာ ထားသည်။ Taskbar များကို improve လုပ်ထား ပေးသလို touch- screen နည်းပညာသုံး ကွန်ပျူတာများ နှင့်ပါ ကိုက်ညီအောင် ဆောင်ရွက် ပေးထားခြင်းဖြင့် Windows 7 အတွက် လစ်ဟာမှုမရှိအောင် ဖြည့်ဆည်းပေးထားကြောင်း Microsoft က တရားဝင် ပြောကြား သွား သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here