အမေရိကန်စစ်ဘက်ကွန်ပျူတာကွန်ယက်အား Hack လုပ်ခဲ့သူကို အပြီးသတ် ကြားနာ စစ်ဆေး

သတင်းထောက်ကူပြု ပြ ဓါတ်ပုံ (ဓာတ်ပုံ - ဂိုလ်ဂယ် ဓါတ်ပုံ ပြခန်း မှ)

 

မေရိကန် စစ်ဘက်ဆိုင်ရာ ထိပ်တန်း ကွန်ပျူတာ ကွန်ယက် အတွင်း ထိုးဖောက် ၀င်ရောက် ခဲ့သည့် Hacker ဖြစ်သူ ဗြိတိန် နိုင်ငံ သား ဂယ်ရီမက်ကင်နွန်သည် တရားရုံး၏ အပြီး သတ် ကြားနာ စစ်ဆေးမှုနှင့်

ရင်ဆိုင်ရတော့မည်ဖြစ်သည်။ (၂၀၀၉) ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် တရားရုံးချုပ်၌ အပြီး သတ်ကြားနာ စစ်ဆေးမှုကို ပြုလုပ်မည် ဖြစ်ပြီး သမိုင်း တလျှောက် အကြီးမားဆုံး စစ်ဘက်ဆိုင်ရာ Hack လုပ်မှုကြီး အဖြစ် မှတ်တမ်း တင်ထားခဲ့သည့် မက်ကန်နွန် ၏ အမှုကို အပြီးသတ် စီရက်ချက် ချမည် ဟုဆိုသည်။

Solo ဟူသော အမည်ဝှက်ကို အသုံးပြုခဲ့သူ ကင်နွန်သည် (၂၀၀၁)နှင့် (၂၀၀၂)ခုနှစ်များအတွင်း ပင်တဂွန်၊ နာဆာနှင့် အမေရိကန် စစ်တပ်မှ ကွန်ပျူတာများအား hack လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။ ၎င်း၏ hackလုပ်မှုကြောင့် နည်းပညာဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သလို အမေရိကန်ဒေါ်လာ ခုနစ်သိန်းဖိုးခန့် ဆုံးရှုံး နစ်နာခဲ့ကြောင်း Guardian သတင်းစာက ဖော်ပြထားသည်။

လုံခြံုရေး ဥပဒေများအရ ကင်နွန်အား ဗြိတိန် နိုင်ငံတွင် ရုံးတင်စစ်ဆေးခဲ့ပြီး အကယ်၍သာ ကင်နွန်အနေနှင့် ပြစ်မှု ထင်ရှားကြောင်း စီရင်ချက်ချမှတ်ခံရပြီး ထောင်ကျ မည်ဆိုလျင်လည်း အမေရိကန်တွင် အကျဉ်းမကျဘဲ ဗြိတိန် တွင်သာ ပြစ်ဒါဏ်ခံရမည်ဟု ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း က ထုတ်ဖော် ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here