Apple Mac ကွန်ပျူတာများတွင်း Antivirus Software မလိုဟု ကြေညာပြန်

သတင်းထောက်ကူပြု ပြ ဓါတ်ပုံ (ဓာတ်ပုံ - ဂိုလ်ဂယ် ဓါတ်ပုံ ပြခန်း မှ)

 

A pple က ၎င်းတို့၏ Mac ကွန်ပျူတာများတွင် Antivirus Software များ အသုံးပြုရန် ကြေငြာထား မှုအား ပယ်ဖျက် လိုက်ကြောင်း သိရှိ ရသည်။ ယခု သီတင်းပါတ် အစောပိုင်းက ထုတ်ပြန် ခဲ့သည့် ကြေငြာချက်မှာ ခေတ်မမှီ တော့သည့် အယူအဆ တစ်ခု ဖြစ်သွား ပြီဟု Apple ကဆိုသည်။

Apple ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ဖြစ်သည့် ဘီလ်အီဗန်စ်က Mac OS များသည် အဖျက် Software များနှင့် Virus တို့၏ ခြိမ်းခြောက်မှု များအား အပြည့်အဝ ကာကွယ်နိုင်အောင် built-in ဒီဇိုင်း ရေးဆွဲထားပြီးဖြစ်သည်ဟု ပြောကြား သွားသည်။ KnowledgeBase တွင် ဖော်ပြထားသည့် ယခင် ၎င်းတို့၏ နည်းပညာ သတိပေးချက် နှင့် ပတ်သတ်ပြီး အီဗန်စ်က စိုးရိမ်စရာ အခြေအနေတစ်ရပ် မဟုတ်ကြောင်း ပြန်လည် ငြင်းဆို ခဲ့သည်။ မူလက Apple သည် Ma cအသုံးပြုသူ များအနေ နှင့် Hacker များနှင့် Virus များ၏ အဖျက်စွမ်းအားမှ ကာကွယ်နိုင်ရန် Antivirus Software များ ၀ယ်ယူ အသုံးပြု သင့်ကြောင်း အကြံပြုချက် ထုတ်ပြန ်ခဲ့သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here