အလှူငွေဒေါ်လာ(၈၉၀၀၀၀) ဝီကီပီးဒီးယား လက်ခံရရှိ

သတင်းထောက်ကူပြု ပြ ဓါတ်ပုံ (ဓာတ်ပုံ - ဂိုလ်ဂယ် ဓါတ်ပုံ ပြခန်း မှ)

 

O nline စွယ်စုံကျမ်း Entry ဖြစ်သော Wikipedia သည် အလှူငွေ ဒေါ်လာ (၈၉၀၀၀၀)အား လက်ခံ ရရှိခဲ့သည်။ အကျိုး အမြတ် မယူသော အဖွဲ့အစည်း Wikipedia တွင် မည်သူမဆို လွတ်လပ်စွာ ၀င်ရောက် ရေးသားနိုင်ခြင်း၊ ပြင်ဆင် နိုင်ခြင်း စသည် တို့ကို ခွင့်ပြု ထား သလို Online အသုံးပြုသူ များ အတွက် များစွာ အသုံးဝင် သော အချက်အလက်များ ကို အခမဲ့ အသုံးပြုခွင့် ပေးထားခြင်း တို့အတွက် Stanton Foundation မှ ယခုကဲ့သို့ လှူဒါန်း ခဲ့ခြင်း ဖြစ်သည်။

ယခုအလှူငွေကိ်ု Wikipedia အား ထူထောင် ပေးထားသော Wikimedia မှ လက်ခံ ရရှိပြီးနောက် ဆန်ဖရန်စစ္စကို ရှိ ရုံးတွင် Software Developer (၃) ဦး ငှားရမ်းသွားရေးအတွက် အသုံးပြု သွားမည်ဟု သိရသည်။ Wikipediaအနေနှင့် Open-Source အတွက် Codeအသစ်များအားလုံး ပြုလုပ် ပေးသွားရန် ရည်ရွယ်ထားသည်။ Wikimedia က Wikipedia  အနေနှင့် ၀င်ရောက် ဖတ်ရှုသူ များသည် ၎င်းတို့ သိရှိထား သမျှ အကြောင်း အရာများ အား ၀င်ရောက် ရေးသား နိုင်ရေး ဆွဲဆောင် နိုင်စေ ခဲ့ကြောင်း ပြောကြား ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here