မြန်မာအရေး အတင်း ကြားဝင် ဆောင်ရွက်မည် မဟုတ်ဟု ဘန်ကီမွန်းပြော

သတင်းထောက်ကူပြု ပြ ဓါတ်ပုံ (ဓာတ်ပုံ - ဂိုလ်ဂယ် ဓါတ်ပုံ ပြခန်း မှ)

 

ကု လသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်း က မြန်မာ နိုင်ငံ အရေး အတင်း ကြားဝင် စွက်ဖက်သွားရန် အစီအစဉ် မရှိ ကြောင်း ငြင်းဆို ခဲ့သည်။ ကမာ္ဘ့ နိုင်ငံ အသီးသီး မှ ခေါင်းဆောင်ဟောင်း (၁၁၂) ဦးက မစ္စတာ ဘန်ကီမွန်း ထံ စာရေးသား ပေးပို့ပြီး မြန်မာ နိုင်ငံ စစ်အစိုးရ၏ တရားဥပဒေမဲ့ လုပ်ရပ်များအား ကုလသမဂ္ဂ အနေနှင့် ၀င်ရောက် တားမြစ် ပေးရန် တောင်းဆို ခဲ့သည်။

ထို ခေါင်းဆောင်များ တွင် အမေရိကန် ပြည်ထောင်စု သမ္မတဟောင်းများ ဖြစ်ကြသည့် ဂျင်မီကာတာ၊ ဂျော့ဘုရှ်စီနီယာ၊ ဗြိတိန် ၀န်ကြီးချုပ် ဟောင်း တိုနီဘလဲ၊ ဆိုဗီယက် ခေါင်းဆောင်ဟောင်း မစ်ခေးလ်ဂိုဗာချော့ဗ် တို့ကဲ့သို့ နာမည်ကျော် ကမာ္ဘ့ခေါင်းဆောင် ဟောင်းများ ပါ၀င်ခဲ့ပြီး စစ်အစိုးရ အုပ်ချုပ်မှု အောက် ကျရောက်နေ သည့် မြန်မာနိုင်ငံ အတွက် ပြောင်းလဲမှုများ ဆောင်ရွက် နိုင်ရေး ကုလသမဂ္ဂမှ ဦးဆောင်ရန် တိုက်တွန်း ပန်ကြား ခဲ့ကြသည်။ မစ္စတာ ဘန်ကီမွန်းက ၎င်း သည်မြန်မာ နိုင်ငံသို့ နောက်တစ်ကြိမ် သွားရောက်ရန် ရည်ရွယ် ထားသော် လည်း မြန်မာ့ အရေး အတွက် ကြီးမားသော ဖိအားပေးမှုမျိုး ပြုလုပ်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ မစ္စတာ ဘန်ကီမွန်း သည် မြန်မာ နိုင်ငံသို့ မေလဆန်း က ဖြစ်ပွားခဲ့ သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြီးအပြီးတွင် ရောက်ရှိခဲ့သေးသည်။ ကမာ္ဘ့ခေါင်းဆောင်ဟောင်းများ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းစဉ်အတွက် စေတနာထား တိုက်တွန်း ခဲ့ကြသည်ကို နားလည် ပါကြောင်း၊ သို့သော်လည်း မြန်မာ့ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ် ပေး ရေး အပါအဝင် ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ် စေရေးမှာ စည်းမျဉ်း လုပ်ထုံးများ အရ ကုလသမဂ္ဂ အနေနှင့် အတင်းအကြပ် ကြားဝင်ရန် ခက်ခဲကြောင်း မစ္စတာ ဘန်ကီမွန်း က ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here