မိုဘိုင်းလ်ဖုန်းမှ ရေဒီယိုလှိုင်းများကြောင့် မှတ်ဉာဏ် ထိခိုက်နိုင်

သတင်းထောက်ကူပြု ပြ ဓါတ်ပုံ (ဓာတ်ပုံ - ဂိုလ်ဂယ် ဓါတ်ပုံ ပြခန်း မှ)

သတင်းထောက်ကူပြု ပြ ဓါတ်ပုံ (ဓာတ်ပုံ – ဂိုလ်ဂယ် ဓါတ်ပုံ ပြခန်း မှ)

မို ဘိုင်းလ်ဖုန်းများမှ ထွက်ပေါ်လာသည့် ဖြာထွက် ရေဒီယိုလှိုင်း များကြောင့် မှတ်ဉာဏ်ထိခိုက်မှုမျိုး ဖြစ်ပေါ် စေကြောင်း သိရသည်။ ဆွီဒင်မှ ပညာရှင်များ၏ လေ့လာ တွေ့ရှိမှုအရ ထိုသို့သော ဖြာထွက်လှိုင်းများသည် ကာလတိုမှတ်ဉာဏ်၏ စူးစိုက်မှုအား လျှော့ချပစ်လိုက်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

 

လွန်းဒ်တက္ကသိုလ်မှ ပညာရှင်များက မှတ်ဉာဏ်ဆိုင်ရာ လှုံ့ဆော်မှုများ ဖြစ်ပေါ်စေတတ်သော ဗီဇဆဲလ်လေးများ၏ အလုပ်လုပ်နိုင်စွမ်းအား မိုဘိုင်းလ်ဖုန်းမှ ဖြာထွက်လာ သည့် လှိုင်းများက ဖျက်ဆီး ပစ်လေ့ရှိကြောင်း ဆစ်ဆဗန်ဆကန် သတင်းစာတွင် ရေးသား ဖော်ပြခဲ့သည်။ မိုဘိုင်းလ်ဖုန်းမှ ထွက်ပေါ်တတ်သော လျှပ်စစ် သံလိုက်လှိုင်းများသည် ဦးနှောက် သွေးကြောများနှင့် မည်သို့မည်ပုံ ဆက်စပ်မှုရှိကြောင်း ဆယ်စုနှစ်တစ်ခုစာမျှ လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ခဲ့အပြီး ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပညာရှင်များက မှတ်ဉာဏ်ပိုင်းဆိုင်ရာ ထိခိုက်မှုအချို့ ရှိနေနိုင်သည့်တိုင် မိုဘိုင်းလ်ဖုန်းများ အသုံးမပြုသင့်ဟု မဆိုလိုကြောင်းလည်း ပြောကြားခဲ့သည်။ လက်ရှိအချိန်တွက် မိုဘိုင်းလ်ဖုန်းနှင့် လူ၏ ကျန်းမာရေး ဆက်စပ်မှုအတွက် ၀ိ၀ါဒကွဲပြားမှုများ ရှိနေဆဲဖြစ်သလို နိုင်ငံအတော်များများတွင် ကလေးငယ်များ မိုဘိုင်းလ်ဖုန်း မသုံးသင့်ကြောင်း သတိပေးချက် ထုတ်ပြန် ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here