ပိုလီတက္ကသိုလ် ပညာတော်သင်ဆု မြန်မာ ကျောင်းသားများ အပြည့်အဝ ရရန် စီစဉ်

သတင်းထောက်ကူပြု ပြ ဓါတ်ပုံ (ဓာတ်ပုံ - ဂိုလ်ဂယ် ဓါတ်ပုံ ပြခန်း မှ)

 

ဟောင် ကောင်ပိုလီ နည်းပညာတက္ကသိုလ်က မြန်မာနိုင်ငံမှ ကျောင်းသားများ အတွက် ပညာတော်သင်ဆု အပြည့်အဝ ထောက်ပံ့ရန် စီစဉ်နေကြောင်း သိရှိရသည်။ မြန်မာနိုင်ငံထုတ် ပြည်မြန်မာ သတင်းဂျာနယ်တွင် ဒီဇင်ဘာလ (၃)ရက်နေ့က ဖော်ပြထား မှုအရ

မြန်မာနိုင်ငံမှ ပညာရည်ထူးချွန်သော ကျောင်းသား (၁၀) ဦးကို နောက်နှစ် စက်တင်ဘာလတွင် ဖွင့်လှစ်မည့် တက္ကသိုလ်စာသင်နှစ်တွင် တက်ရောက် ခွင့်ပြုမည် ့အပြင် ပညာတော်သင်ဆု ထောက်ပံ့သွားမည်ဟု ဖော်ပြ ထားသည်။ ပညာတော်သင်ဆု ချီးမြှင့်ခံရမည့် ကျောင်းသားများကို (၂၀၀၉)ခုနှစ်၊ မတ်လ (၃၁)ရက်နေ့မတိုင်မီ အပြီးသတ် ရွေးချယ်ရန် စီစဉ်ထားသည်ဟုလည်း သိရသည်။ ဟောင်ကောင်ရှိ ကမာ္ဘလှည့်ခရီးသွား သံအမတ်အဖြစ် တာဝန်ယူထားသူ ကမာ္ဘကျော် ရုပ်ရှင်မင်းသား ဂျက်ကီချန်း သည် အဆိုပါကျောင်း တွင် ရုပ်ရှင်နှင့် ကမာ္ဘလှည့် ခရီးသွားဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချပေးမည်ဖြစ်သည်။ ကျောင်းသား (၂၆၀၀၀) ကျော် ပညာဆည်းပူးနေသည့် ထိုကျောင်းတွင် အဓိက ဘာသာရပ် (၁၃၀)အထိ သင်ကြား ပို့ချပေး လျက်ရှိသည်ဟုလည်း သတင်းတွင် ဖော်ပြ ပါရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here