နေအိမ်အနွေးပေးစနစ်အား စမတ်ဖုန်းသုံး၍ ထိန်းချုပ်နိုင

သတင်းထောက်ကူပြု ပြ ဓါတ်ပုံ (ဓာတ်ပုံ - ဂိုလ်ဂယ် ဓါတ်ပုံ ပြခန်း မှ)

 

ဖင် လန်နိုင်ငံ အခြေစိုက် နိုကီယာဖုန်းထုတ်လုပ်ရေး ကုမ္ပဏီက စမတ်ဖုန်းများ ဖြင့် နေအိမ် အနွေးပေး စနစ်အား ထိန်းချုပ်နိုင် သည်ကို သရုပ်ပြ သွားခဲ့သည်။ ယခု ၀န်ဆောင်မှုသစ်အား စပိန်နိုင်ငံ နိုကီယာဝေါလ် အထူး ပွဲတွင် ပြသသွားခဲ့ပြီး (၂၀၀၉) ခုနှစ် အကုန်ခန့်တွင် ဖုန်းဝယ်ယူသည့် ဖောက်သည်များထံသို့ ခွင့်ပြု ပေးသွားရန် ရည်ရွယ် ထားသည်။

 

ယခု စနစ်အရ စမတ်ဖုန်း (သို့မဟုတ်) ကွန်ပျူတာဖြင့် နေအိမ် အပူပေးစနစ် ကို ထိန်းချုပ်နိုင်မည့် ၀ါယာလက် နည်းပညာအား မိတ်ဆက် ပြသခဲ့ ခြင်း ဖြစ်သည်။ ထို Package သည် 6GB ပမာဏရှိပြီး ဆောင်း ရာသီကာလ အအေး ဓာတ်ပြင်းထန် ချိန်များ အတွင်း လူမ နေသည့် အိမ်များတွင် အအေးဓာတ် ပြန့်နှံ့မှုအား အာရုံခံ သိရှိနိုင် အောင် စီစဉ် ထားသည်။ ထို့နောက် အိမ်၏ အပူပေးစနစ်အား အဖွင့်၊ အပိတ် လုပ်ဆောင် ပေးခြင်း ဖြင့် အိမ်ပိုင်ရှင် ပြန်လည် ရောက်ရှိလာချိန်တွင် ရေပိုက်များ အတွင်း ရေခဲ၊ နှင်းခဲများ ပိတ်ဆို့နေမှုကြောင့် စိတ်ညစ် ရသော အဖြစ်မျိုးမှ ကာကွယ် နိုင်လိမ့် မည်ဟု သိရသည်။

ထို့ပြင် လိုအပ်လာပါက လုံခြံုရေး ကင်မရာစနစ် ဖြင့်ပါ ချိတ်ဆက် နိုင်ကြောင်း နိုကီယာ က ဆို သည်။ နိုကီယာ ကုမ္ပဏီ ၏ ကုန်သွယ်မှု ဆိုင်ရာ ဒုတိယ ဥက္ကဌ တပ်ပိုပါဗိုလာက စမတ်ဖုန်းအား အသုံးပြုပြီး ၀ါယာလက်စနစ်ဖြင့် လူနေမှုဘဝအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးချ နိုင်ရန် ယုံကြည်ထား ကြောင်း ပြောဆိုခဲ့သည်။ ကျွမ်းကျင်သူများ က အနာဂါတ်ကာလတွင် လူ မရှိသော နေအိမ်များ အတွင်း ရေနွေးအိုး တည်ခြင်း ကဲ့သို့သော အလုပ်များ ကိုပင် မိုဘိုင်းလ် ကွန်ယက်ဖြင့် ပြုလုပ် လာနိုင်ဖွယ် ရှိကြောင်း ခန့်မှန်း ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here